မော်လမြိုင်ကောလိပ် သတ္တဗေဒကျောင်းသား၊ ကျောင်းသူဟောင်းတွေရဲ့  (၆)ကြိမ်မြောက်  ကျင်းပတဲ့ အာစရိယပူဇော်ပွဲကို ဇန်န၀ါရီလ(၈)ရက်က ဗိုလ်တထောင်ဆိပ်ကမ်းမှာရှိတဲ့ Royal Green River သင်္ဘောမှာ ပြုလုပ်ခဲ့ပါတယ်။ မော်လမြိုင်ကောလိပ်မှာ (၁၉၇၅)ခုနှစ်ကနေ (၁၉၇၉)ခုနှစ်အထိ သတ္တဗေဒဘာသာရပ်ကို တက်ရောက်ပညာသင်ကြားခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူဟောင်းတွေဟာ သူတို့ရဲ့ ဆရာတွေကို  သတိတရနဲ့ အခုလို အထိမ်းအမှတ်ပူဇော်ပွဲကို ကျင်းပတာဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ ဟောင်းတွေနဲ့ သင်ကြားခဲ့တဲ့ဆရာတွေ ပြန်လည်ဆုံစည်းလိုတဲ့ရည်ရွယ်ချက်နဲ့ ပြုလုပ်တာလည်း ဖြစ်တယ်လို့ ပြောပါတယ်။ 

ဒီအာစရိယပူဇော်ပွဲမှာ ကန်တော့ခံသက်ကြီးဆရာ၊ ဆရာမတွေကို ကျောင်းသား၊ ကျောင်းသူ ဟောင်း(၁၀၀)ကျော်က ပူဇော်ကန်တော့ခဲ့ကြပြီး ဆရာ၊ ဆရာမတွေက ဆုံးမသြ၀ါဒစကားပြော ကြားတာတွေပြုလုပ်ခဲ့ပါတယ်။မော်လမြိုင်ကောလိပ်ရဲ့ အာစရိယပူဇော်ပွဲကို (၂၀၀၇)ခုနှစ်ကနေ စတင်ပြုလုပ်ခဲ့ပြီး (၂)နှစ် ကို တစ်ကြိမ်ကျင်းပပြုလုပ်တယ်လို့ သိရပါတယ်။ 

Related News