ပညာနန်းတော် ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ မြတ်ဆရာပူဇော်ပွဲနဲ့ ဆုပေးပွဲကို ဇန်န၀ါရီ (၈)ရက်က အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။ မြတ်ဆရာပူဇော်ပွဲမှာ သူငယ်တန်းမှ ဒသမတန်း ကန်တော့ခံ ဆရာ၊ ဆရာမ(၈၀)ကျော်ပါဝင်ပြီး ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူ(၂၀၀)ကျော် ပါဝင်တယ်လို့ သိရပါတယ်။ ပညာနန်းတော် ကိုယ်ပိုင်အထက်တန်းကျောင်းကို (၂၀၀၉)ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လက်ရှိကျောင်းမှာ ကျောင်းသား(၁၅၀၀)ကျော်ရှိတယ်လို့ သိရပါတယ်။ 

Related News