စန္ဒရာမဘုန်းတော်ကြီးသင်ပညာသင်ကျောင်းဆောင်သစ်ဖွင့်ပွဲကို မတ်လ(၆)ရက်နေ့က လှိုင်သာယာမြို့နယ်ရှိ စန္ဒာရာမဘုန်းတော်ကြီးကျောင်းမှာ ပြုလုပ်သွားခဲ့ပါတယ်။
စန္ဒာရာမဘုန်းတော်ကြီးသင်ပညာသင်ကျောင်းမှာ ကျောင်းသားကျောင်းသူဦးရေ ငါးရာကျော် အထိရှိနေပြီး ယခင်စတင်ဖွင့်လှစ်စဉ်က စာသင်ခန်းအရေအတွက် မလုံလောက်တော့တာကြောင့် အာစီ သုံးထပ်ကျောင်းဆောင်အသစ် တိုးချဲ့ဖွင့်လှစ်ရတာဖြစ်တယ်လို့ ကျောင်းထိုင်ဆရာတော်က မိန့်ကြားပါတယ်။  

စန္ဒာရာမဘုန်းတော်ကြီးသင်ပညာသင်ကျောင်းရဲ့ ကျောင်းဆောင်သစ်ကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလက စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး ဟောင်ကောင်နိုင်ငံ Rogers  မိသားစုနဲ့ ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တစန္ဒာဝရတို့က ပူးပေါင်းဆောက်လုပ်ကြတာဖြစ်ပါတယ်။ စာသင်ကျောင်းဆောင် အတွက် ငွေကျပ်သိန်း (ငါးရာ)နီးပါးကုန်ကျခံကာ ဆောက်လုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ စန္ဒာရာမဘုန်းတော်ကြီးသင်ပညာသင်ကျောင်းမှာ သူငယ်တန်းကနေ သတ္တမတန်းအထိ အခမဲ့ပညာသင်ကြားပေးနေတာဖြစ်ပြီး ကျောင်းဗလာစာအုပ်၊ ခဲတံ၊ ဘောပင်တို့ကိုပါ ထောက်ပံ့မှုတွေ ဆောင်ရွက်ကာ သင်ကြားပေးနေတယ်လို့ သိရပါတယ်။

 

 

Related News