မဟာသင်္ကြန်ပွဲတော်ရက်တွေမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် ရေပိုက်လိုင်းတွေကို ရေကစားမဏ္ဍပ်ဆောက်လုပ်လိုသူတွေအနေနဲ့ မတ်လ(၁၀)ရက်ကစတင်ပြီး သင်္ကြန်အကြိုနေ့ နေ့လည်(၁၂)နာရီထိ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် ရေပိုက်လိုင်းတွေဖြစ်တဲ့ အင်းလျားကန်နဲ့ကန်တော်ကြီးကန်တို့က ရေတွေကို ယာယီရေဆက်သွယ်နိုင်ရန် ရန်ကုန်မြို့တော်စည်ပင် (၄၆)လမ်းမှာရှိတဲ့ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှာ ခွင့်ပြုမိန့်လျှောက်လွှာတွေကို အခမဲ့ ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။

 ရေဆက်သွယ်မှုကို မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူတွေ ခွင့်ပြုချက်နဲ့ သာ ရေကစားမဏ္ဍပ်တွေကိုရေဆက်သွယ်ပေးမှာဖြစ်ပါတယ်။ ခွင့်ပြုချက်မရရှိဘဲ ကော်မတီပိုင် ရေပိုက်လိုင်းတွေ၊ အခြားမြေစိုက်ကန်တွေမှ ရေတွေကိုဆက်သွယ်ပြီးရေကစားခြင်းမပြုရန်နဲ့ ကော်မတီပိုင်မီးသတ်ပိုက်ခေါင်းတွေကိုလည်း ရေကစားခြင်းမပြုရန်ထုတ်ပြန်ထားပြီး  ပြုလုပ်မိပါက တည်ဆဲဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ သိရပါတယ်။

 

Related News