မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ အခမ်းအနားကို မတ်လ(၁၂)ရက်က ရန်ကုန်မြို့အရှေ့မြင်းပြိုင်ကွင်းလမ်းနဲ့ လေးထောင့်ကန်လမ်းမှာရှိတဲ့ Western Park  စားသောက်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။ မြန်မာ့တိုင်းရင်းဆေး   သမားတော်နေ့အခမ်းအနားကို ရှေးယခင်ကတည်း ကျင်းပခဲ့ပေမယ့် နှစ်နှစ်ဆယ်ကြာလောက် မကျင်းပနိုင်ခဲ့ဘဲ ပြီးခဲ့တဲ့၂၀၁၅ခုနှစ်မှ ပြန်လည် ကျင်းပလာခဲ့တာလို့ သိရပါတယ်။ မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့အခမ်းအနားကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ တတိယအကြိမ်မြောက်အဖြစ် အသီးသီးကျင်းပနေကြတာ ဖြစ်ပါတယ်။

မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့အခမ်းအနားမှာ တိုင်းရင်းဆေးသမားတော်တွေကို ဂုဏ်ပြုတေးသီချင်းသီဆို ဖျော်ဖြေမှုတွေနဲ့အတူ ဂုဏ်ပြုပူဇော်ပွဲကိုပါ ကျင်းပခဲ့ပါတယ်။ ဂုဏ်ပြုပူဇော်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီးက အသက်(၈၀)၀န်းကျင်ရှိ တိုင်းရင်းဆေးလောကကို အကျိုးပြုပေးခဲ့တဲ့ တိုင်းရင်းဆေးဆရာ(၁၀)ဦးကို ပူဇော်ကန်တော့ခဲ့တာပါ။ အခုလိုမြန်မာ့တိုင်းရင်းဆေးသမားတော်နေ့အခမ်းအနားကို နောက်နှစ်တွေမှာလည်း နှစ်စဉ် ကျင်းပသွားမယ်လို့ သိရပါတယ်။

 

 

Related News