မတ်လ(၁၈)ရက်နေ့မှာ ကျင်းပတော့မယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် အကယ်ဒမီစင်မြင့်ရဲ့ နောက်ခံကိုသီးသန့်မထားရှိဘဲရွှေတိဂုံစေတီတော် ကိုနောက်ခံဘတ်ဂရောင်းအဖြစ် ထားရှိကာ အကယ်ဒမီစင်မြင့်ကို ဆောက်လုပ်နေတယ်လို့ မြန်မာနိုင်ငံ ရှပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဌက ပြောပါတယ်။  အကယ်ဒမီစင်မြင့်ကို မတ်လ(၈)ရက်ကစတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး အခုတော့ အချောသတ်ပြင်ဆင်တာတွေနဲ့ အလှဆင်တာတွေကိုစတင်လုပ်ဆောင်နေပါပြီ။

အကယ်ဒမီပွဲ ကျင်းပနိုင်ရေးအတွက်ကိုတော့ Bella Cosmestic က ငွေကျပ် သိန်း(၅၀၀၀)ကျော်အကုန်ကျခံကာ စီစဉ်ဆောင်ရွက်နေတာဖြစ်ပြီး စင်ဆောက်လုပ်မှုအတွက်ကိုတော့ ထိုင်းနိုင်ငံကပညာရှင်တွေက တာဝန်ယူ ဆောက်လုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

ယခုနှစ်အကယ်ဒမီပေးပွဲကျင်းပတဲ့ ပြည်သူ့ရင်ပြင် ၀န်းအတွင်းမှာတော့(၂၀၂၀)ခုနှစ်မှာ ကျရောက်မယ့် မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့်ကို ကြိုဆိုတဲ့အနေနဲ့အကယ်ဒမီရွှေစင်ရုပ်ထု (၁၀၀)ကို ခင်းကျင်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီနှစ်ရဲ့အကယ်ဒမီပေးပွဲမှာတော့ မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့်ဆီသို့ ခေါင်းစဉ်နဲ့ သီဆိုဖျော်ဖြေမှု မြန်မာ့ရုပ်ရှင်ဇာတ်ဝင်တေးတွေကို အော်ဂတ်စရာ အဖွဲ့နဲ့ ဖျော်ဖြေမှုတွေပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ 

 

 

Related News