Duwn (ဓူဝံ ) Food Carnival  ( ဖု(ထ်) ကာနီဗယ်) ၂၀၁၇ အစားအသောက်ပြပွဲ ကို လာမယ့်မတ်လ(၂၆)ရက်နဲ့(၂၇)ရက်မှာ ပြုလုပ်ဖို့အတွက် သတင်းစာရှင်းပွဲကို မတ်လ(၁၄)ရက်က ပြည်သူ့ရင်ပြင်မှာရှိတဲ့ Western Park Ruby စားသောက်ဆိုင်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအစားအသောက်ပြပွဲကို ဓူဝံက ပထမအကြိမ်အဖြစ် အစားအသောက်ပြပွဲ ပြုလုပ်တာဖြစ်ပြီး  ဆိုင်ခန်းပေါင်း တစ်ရာကျော်ပါဝင်ပြသသွားမှာဖြစ်ပါတယ်။

ပြပွဲမှာပြည်တွင်းက ဟင်းချက်ရာမှာ အသုံးပြုတဲ့ ဟင်းခတ်အမွှေးအကြိုင်ပစ္စည်းတွေ၊ ဆေးပစ္စည်းတွေအပါအ၀င် ဟင်းချက်ပြိုင်ပွဲ၊ အစားသောက် ဆိုင်ရာဆွေးနွေးပွဲတွေနဲ့ ဖြေဖျော်ရေးအစီစဉ်တွေပါ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ ပြပွဲကို ပြည်သူ့ရင်ပြင်မှာ ပြုလုပ်သွားမှာဖြစ်ပြီးပြည်သူတွေအနေနဲ့အခမဲ့ ၀င်ရောက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ 

 

 

 

Related News