အိန္ဒိယသံရုံးက ဦးစီးကျင်းပတဲ့ မဏိပူရပြည်နယ်က ၀ါး လက်မှုပညာဆိုင်ရာ ကျွမ်းကျင် ပညာရှင်(၃)ဦးက ပြသတဲ့ နှစ်တစ်ရာကျော် ၀ါးလက်မှုပညာပြပွဲကို မတ်လ(၁၆)ရက်က ရန်ကုန်မြို့ အမျိုးသားပြတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပြပွဲမှာ အိန်္ဒိယနိုင်ငံမှ ၀ါးလက်မှုပညာရှင်(၃)ဦးက သူတို့နိုင်ငံမှာ ပြုလုပ်ထားတဲ့ ၀ါး ထုတ်ကုန် ဆိုဖာခုံတွေ၊ ဖျာတွေ၊ ကြိမ်နဲ့ ရက်လုပ်တဲ့ ပစ္စည်းတွေအပါအ၀င် ကုလားထိုင်၊ စားပွဲခုံ၊ အလှဆင်ပစ်္စည်းစတာတွေ အပါအ၀င်(၆၀)ကျော် ပါဝင်ပြသခဲ့ပါတယ်။

ဝါးလက်မှုပစ္စည်းတွေကို အိန္ဒိယနဲ့ မြန်မာနှစ်နိုင်ငံစလုံးက သစ်တောမှ သစ်တွေအစား ပတ်ဝန်းကျင်ကို အန္တရာယ်မဖြစ်စေတဲ့ အစားထိုးပစ်္စည်းတွေအနေနဲ့ စီးပွားဖြစ်ထုတ်လုပ်ရောင်းချနိုင်ဖို့ ရည်ရွယ်ပြီး ပြုလုပ်တာဖြစ်တယ်လို့ ပြောပါတယ်။ဝါးလက်မှုကျွမ်းကျင်ပညာရှင်တွေအနေနဲ့ ၀ါးအနုပညာစာအုပ်ကို မန္တလေးမြို့မှာ မိတ်ဆက် ခဲ့တာဖြစ်ပြီး ဒီအိန်္ဒိယ ၀ါးလက်မှုပညာရှင်တွေအနေနဲ့လည်း နောက်ပိုင်းမှာပြည်တွင်းက ၀ါးချစ်သူ အဖွဲ့နဲ့ပူးပေါင်းပြီး ပြပွဲတွေ ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။ ခုပြပွဲကို ရန်ကုန်မြို့ အမျိုးသားပြတိုက်မှာ မတ်လ ၁၆ရက်ကနေ ၁၈ ရက်နေ့ထိ ပြသသွားမှာ ဖြစ်ပါတယ်။

Related News