Miss Myanmar World 2017  ပြိုင်ပွဲကြီးကို မတ်(၁၆)ရက်ကစတင်ပြီး ဇွန်လ(၁၀)ရက်နေ့ အထိ Activies များစွာနဲ့အတူ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ၀င်ရောက်ယှဉ်ပြိုင်လိုသူ တွေအနေနဲ့ မတ်လ(၁၇)ရက်ကနေ (၁၈)ရက်နေ့အထိ ဒဂုံစင်တာ(၂) ဒုတိယထပ်မှာ Promotion Area မှာ လျှောက်လွှာနဲ့တကွလူကိုယ်တိုင်လာရောက် လျှောက်ထားနိုင်တယ်လို့သိရပါတယ်။ လျှောက်လွှာတင်ထားတဲ့ ပြိုင်ပွဲဝင်တွေထဲက အဆင့်ဆင့်စီစစ်ရွေးချယ်ပြီး အလှမယ်အယောက်(၂၀)ကို စာနယ်ဇင်းမီဒီယာတွေနဲ့ ဧပြီလ(၄)ရက်နေ့မှာ မိတ်ဆက်ပေးသွားမယ်လို့ သိရပါတယ်။

Miss Myanmar World 2017  ပြိုင်ပွဲရဲ့  Activies လှုပ်ရှားမှုတွေကိုတော့ Channel-7ရုပ်သံလိုင်းမှာ မေလ(၂၀)ရက်နေ့စပြီး အပတ်စဉ်စနေ့၊ တနင်္ဂနွေနေ့တိုင်းမှာ ည၇နာရီခွဲကနေ၈နာရီ ၁၅ မိနစ်အထိထုတ်လွှင့်ပြသသွား မှာဖြစ်တယ်လို့ သိရပါတယ်။ Miss Myanmar World  Winner ဆုအတွက် ငွေကျပ်သိန်း(၁၀၀)၊ Frist Runner up ငွေကျပ်သိန်း(၃၀)၊Second Runner up သိန်း(၂၀)ကျပ်နဲ့ ရွှေနန်းတော် စိန်ရွှေ ရတနာဆိုင်က သရဖူတို့ကို ချီးမြှင့်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။Miss Myanmar World 2017 Grand Final ပြိုင်ပွဲကြီးကိုတော့ ဇွန်လ(၁၀)ရက်နေ့မှာ Channel-7  ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

 

 

 

Related News