လာမဲ့ မတ်လ၁၈ ရက်နေ့မှာ ကျင်းပတော့မဲ့ ၂၀၁၆ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို ရန်ကုန်မြို့  ပြည်သူ့ရင်ပြင်မှာကျင်းပမှာ ဖြစ်ပါတယ်။   ၂၀၁၆ ခုနှစ်အတွက် အကယ်ဒမီရွှေစင်ရုပ်ထုကို ဘယ်အနုပညာရှင်က ပိုင်ဆိုင်မလဲဆိုတာ အနုပညာရှင်တွေရော ပရိတ်သတ်တွေပါ စိတ်ဝင်စားနေကြပါတယ်။ ၂၀၁၄၊ ၂၀၁၅ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုကိုတော့ ပြီးခဲ့တဲ့နှစ်မှာ ပူးတွဲကျင်းပပေးခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ ၂၀၁၆ ခုနှစ်အတွင်း ရုံတင်ခဲ့တဲ့ ဇာတ်ကားတွေထဲကမှ အကယ်ဒမီစာရင်းဝင် ဇတ်ကားပေါင်း ၃၃ ကားကိုရွေးချယ်ထားတယ်လို့ သိရပါတယ်။

ဒီလိုရွေးချယ်ထားတဲ့ ဇာတ်ကားအများစုကို ပြည်သူ အများစု ကြိုက်နှစ်သက်ကြပြီး  အနုပညာရှင်တွေအပေါ် ပြည်သူတွေရဲ့ စကားသံတွေကတော့  ရွေးချယ်ထားတဲ့ ဇာတ်ကား ၃၃ ကားထဲမှာ ဟာသကားက ထက်ဝက်ခန့်ပါဝင်နေတာလို့ သိရပြီး  ပရိတ်သတ်အများစု ကြိုက်နှစ်သက်တဲ့ ကားတွေဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ကျင်းပမဲ့နေရာဟာ ပြည်သူ့ရင်ပြင်မှာဖြစ်ပြီး  အဆိုပါနေရာမှာ ပထမဆုံးအကြိမ် ကျင်းပခြင်း ဖြစ်တာကြောင့် ယခုနှစ် ဆုပေးပွဲကို ယခင်နှစ်တွေထက် ပြည်သူ တွေ ပိုမိုစိတ်ဝင်စားနေတာလည်းဖြစ်ပါတယ်။ 

 

 

Related News