Miss Myanmar World 2017  ပြိုင်ပွဲ အတွက်ပြိုင်ပွဲဝင်လျှောက်လွှာတွေ ကိုမတ်လ (၁၇)ရက်ကနေ(၂၁)ရက်အထိရန်ကုန်မြို့ရှိ ဒဂုံစင်တာ(၂)မှာစတင်လက်ခံနေပြီ  ဖြစ်တယ်လို့ သိရပါတယ်။အရင်အွန်လိုင်းမှာ စာရင်းပေးသွင်းထားတဲ့ ပြိုင်ပွဲဝင်လိုသူတွေဟာ လည်းလူကိုယ်တိုင် လျှောက်လွှာလာရောက် ဖြည့်ရမှာဖြစ်သလို အွန်လိုင်းမှာ စာရင်းမသွင်းထားတဲ့ သူတွေဟာလည်း သတ်မှတ်ရက်အတွင်း ဒဂုံစင်တာ(၂)မှာ လူကိုယ်တိုင်လာရောက်စာရင်းပေးသွင်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။ လာရောက်တင်သွင်းခဲ့တဲ့လျှောက်လွှာရှင်တွေကိုတော့ မတ်လ(၂၂)ရက်မှာ လူတွေ့ စစ်ဆေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဇကာတင်အဖြစ် ပြိုင်ပွဲဝင်အယောက် (၄၀)ကိုရွေးချယ်မှာဖြစ်ပြီး  နောက်တစ်ဆင့်အတွက်ကို ပြိုင်ပွဲဝင်အယောက်(၂၀)ကိုထပ်မံရွေးချယ်ကာမီဒီယာကတစ်ဆင့် အများပြည်သူကို မိတ်ဆက် ပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။  Miss Myanmar World 2017  ပြိုင်ပွဲအတွက်Winner ဆုသိန်း(၁၀၀)ကျပ်၊ 1St Runner up သိန်း(၃၀)ကျပ်၊ 2nd Runner up  သိန်း(၂၀)တို့နဲ့အတူ ရွှေနန်းတော် စိန်ရွှေရတနာဆိုင်က သရဖူတို့ကို ချီးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။

 

 

Related News