(၂၀၁၆)ခုနှစ်အတွက်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကို တတိယအကြိမ်မြောက် အဖြစ်မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံးက ဦးဆောင်ကျင်းပခဲ့ပြီးမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေနဲ့ ဒီနှစ်မှာတော့ အထူးဆုအဖြစ်ရုပ်ရှင်ဇာတ်ကားကိုပထမဆုံးအကြိမ် ထည့်သွင်းချီးမြှင့်ခဲ့ပါတယ်။ အကယ်ဒမီဆုပေးပွဲတွေမှာအထူးဆုကိုတော့အရင်နှစ်တွေ ကကလေးသရုပ်ဆောင်တွေကိုသာ ပေးအပ်ခဲ့တာဖြစ်ပေမယ့် ၂၀၁၆ ခုနှစ် အကယ်ဒမီဆုပေးပွဲမှာတော့ အထူးဆုအဖြစ် မနောမြေမှ ကျောက်စိမ်းကမ္ဘာ ရုပ်ရှင်ဇာတ်ကားကိုပထမဆုံးအကြိမ်ဆုချီးမြှင့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီနှစ်မှာထူးထူးခြားခြားဇာတ်ကားတင်ဆက်မှုတွေကိုစိစစ်အကဲဖြတ်ပြီးအထူးဆုအဖြစ် ရုပ်ရှင်ဇာတ်ကားကို ပေးအပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။(၂၀၁၆)ခုနှစ်အကယ်ဒမီဆုပေးပွဲမှာ အုတ်ကြားမြတ်ပေါက် ရုပ်ရှင်ဇာတ်ကားကတော့ ရုပ်ရှင်ဇာတ်ကားဆု၊ ဒါရိုက်တာဆုနဲ့ အမျိုးသားဇာတ်ဆောင်ဆု (၃)ဆုတို့ကို အများဆုံးဆွတ်ခူး နိုင်ခဲ့ပြီး ဒီနှစ်အကယ်ဒမီ ဆုပေးပွဲမှာ အမျိုးသမီးဇာတ်ပို့ဆုနဲ့ ရုပ်ရှင်ဇာတ်ညွှန်းဆုတို့ကို ဆုမချီးမြှင့်ခဲ့ပဲ အထူးဆုအပါအ၀င် ဆု(၁၀)ဆုကိုသာ ချီးမြှင့်ခဲ့ပါတယ်။  

 

   

Related News