(၂၀၁၇)ခုနှစ်အတွက် ရန်ကုန်မြို့ မဟာသင်္ကြန်မှာ ဆောက်လုပ်မယ့် မဏ္ဍပ်အရေအတွက်ဟာ တရားဝင်စာရင်းအရ စုစုပေါင်း(၆၀)ရှိကြောင်း သိရပါတယ်။သင်္ကြန်မဏ္ဍပ်တွေကို အရှေ့ပိုင်းခရိုင်မှာ မဏ္ဍပ်အကြီး၊ အလတ်၊ အသေး(၁၇)ခု၊ အနောက်ပိုင်းခရိုင်မှာ မဏ္ဍပ်အကြီး၊ အလတ်၊ အသေး (၃၅)ခု၊ တောင်ပိုင်းခရိုင်မှာ မဏ္ဍပ်အလတ် (၁)ခုနဲ့ မြောက်ပိုင်းခရိုင်မှာ မဏ္ဍပ်အလတ်(၃)၊ မဏ္ဍပ်အသေး(၄)ခုတို့ ခွင့်ပြုထားတယ်လို့ သိရပါတယ်။ ဆောက်လုပ်မယ့်နေရာတွေကတော့ ပြည်လမ်းမကြီးပေါ်မှာ မဏ္ဍပ် (၁၀)ခု၊ စော်ဘွားကြီကုန်း (၁၀)မိုင်၊ ဆီဒိုးနားဟိုတယ်ရှေ့၊ ရခိုင်ရိုးရာမဏ္ဍပ် (သာကေတကျောက်တိုင်ရှေ့)  (၀န်ကြီးများရုံးဘေး) ( အလုံမြို့နယ်YESC ရုံးရှေ့)၊ (လသာမြို့နယ် ၁၉ လမ်းရှေ့) မြို့တော်ခန်းမရှေ့နဲ့ သန်လျင်မြို့နယ် မြို့မဈေးရှေ့ စတဲ့နေရာတွေမှာ ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။ မဏ္ဍပ်တွေဆောက်လုပ်ပြီးစီးပါက တိုင်းဒေသကြီးအစိုးရရုံးမှ တာဝန်ရှိသူတွေနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တာဝန်ရှိသူတွေပူးပေါင်းပြီး CCTV တပ်ဆင်မှုရှိမရှိနဲ့ မဏ္ဍပ်ပေါ်မှာ အလုံပိတ်အခန်းတွေ ထားရှိမှု ရှိ/မရှိကို လိုက်လံစီစစ်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် သင်္ကြန်တွင်း ကာလမှာ ယာဉ်မောင်းသူတွေ လိုက်နာဖို့ စည်းကမ်းချက် (၁၀)ချက် မှုခင်းများမဖြစ်ပွားစေဖို့ သတိပြုရှောင်ကြဉ်ရမယ့် အချက် (၁၂)ချက်နဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ပြည်သူများ သတိပြုရန် အချက်(၅)ချက်ကိုလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

 

 

Related News