ကမ္ဘာအနှံအပြားက အဆိုဝါသနာရှင်တွေရဲ့ အရည်အသွေးတွေကို ထုတ်ဖော်ပြသခွင့်ရမယ့် (i- SING) သီဆိုပြိုင်ပွဲကို ပထမဆုံးအကြိမ် မြန်မာပြည်မှာ လာရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ မတ်လ(၂၈)ရက်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှ သိရပါတယ်။i- SING  World  ကို APIC Singapore မှ ကမ္ဘာ့ဂီတစင်မြင့်ထက်မှာ တစ်ဦးချင်းစီရဲ့ အရည်အသွေးတွေကို စုစည်းဖော်ထုတ်ပေးနိုင်ရန် ရည်ရွယ်ပြီး ဒီအဆိုတော်ပြိုင်ပွဲကို ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ i-Sing Myanmar  က ပြိုင်ပွဲမှာတော့ တစ်ဦးချင်းပြိုင်ပွဲနဲ့ နှစ်ယောက်တွဲပြိုင်ပွဲဆိုပြီး ပြိုင်ပွဲအမျိုးအစား(၂)ရှိပြီး၊ ချန်ပီယံတွေကို အဆင့်ဆင့် အကဲဖြတ်ပေးသွားမှာဖြစ်ပါတယ်။(၂၀၁၇)ခုနှစ်အတွက် i-SING World  နောက်ဆုံးအဆင့်ကို မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ် လက်ခံကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

 

 

Related News