အခုလာမဲ့ သင်္ကြန်ကာလအတွင်း အပန်းဖြေလည်ပတ်မှုတွေအတွက် ချောင်းသာနဲ့ ငပလီကမ်းခြေတွေကို  လည်ပတ်မှုများမယ် လို့ ဟိုတယ်ဇုန်တွေထံက သိရပါတယ်။ ချောင်းသာဟိုတယ်ဇုန်မှာ လိုင်စင်ရဟိုတယ်(၂၅) လုံးရှိပြီး အခြားတည်းခိုခန်းတွေနဲ့ ပေါင်းရင်တော့ အလုံး(၅၀)ခန့်ရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာ သင်္ကြန်ကာလအတွက် ဟိုတယ်ခန်း ကြိုတင်မှာယူမှုတွေက ၆၀ ရာခိုင်နှုန်းခန့် ရှိနေပြီး ဒါဟာမနှစ်ကထက်စာရင် ၂၀ ရာခိုင်နှုန်းခန့် တိုးလာတာဖြစ်တယ်လို့ ဟိုတယ်ဇုန်တွေထံက သိရပါတယ်။

ငပလီဟိုတယ်ဇုန်အနေနဲ့တော့ ဟိုတယ်အလုံးပေါင်း (၂၇)လုံးရှိပြီး  နှစ်စဉ်သင်္ကြန်ရက်တိုင်းမှာ ဟိုတယ်တိုင်းလိုလို ကြိုတင်အခန်းမှာယူမှုတွေနဲ့ ပြည့်နေတယ်လို့ ပြောပါတယ်။ သင်္ကြန်မတိုင်ခင် ခုရက်ပိုင်းကတည်းက ဟိုတယ်အခန်းမှာယူတာတွေနဲ့ ပြည့်နေလို့ ဘန်ဂလိုတွေအပြင် အချိုကျေးရွာတွေဆိုရင် သင်္ကြန်အတွက်နေထိုင်ဖို့ ကြိုပြင်ဆင်တာတွေတောင်ရှိနေပြီလို့ ငပလီဟိုတယ်ဇုန်က တာဝန်ရှိသူတွေက ပြောထားပါတယ်။သင်္ကြန်ကာလအတွင်းဟိုတယ်တွေအနေနဲ့ လျှပ်စစ်မီးအပြည့်ရရှိရေး၊ အစားအသာက် ၀န်ဆောင်မှုတွေ၊ ၀န်ထမ်းတွေရဲ့ ၀န်ဆောင်မှုပိုင်းတွေကို တိုးပြီးဆောင်ရွက်ပေးထားတယ်လို့ ဟိုတယ်ဇုနတွေက တာဝန်ရှိသူတွေက ပြောပါတယ်။ ချောင်းသာအနေနဲ့ ဒီဇင်ဘာကနေ မေလအထိ ဧည့်အ၀င်များပြီး ငပလီကတော့ အောက်တိုဘာလကနေ ဧပြီလ(၃၀) ရက်လောက်အထိ ဧည့်အ၀င်များတယ်လို့ သိရပါတယ်။ 

 

 

Related News