ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးမိသားစုမှ (၃၁)ကြိမ်မြောက် ဒုလ္လဘရဟန်းခံရှင်ပြုနဲ့ သီလရှင်ဝတ်ပွဲ အလှူတော်မင်္ဂလာကို ဧပြီလ(၈)ရက်က ကမ္ဘာအေး ဘုရားလမ်းရှိ ချမ်းမြေ့ရိပ်သာကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။

ဒီအခမ်းအနားကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ဆက်သွယ်ရေးဝန်ထမ်းတွေ ပူးပေါင်းပြီး ဒုလ္လဘရဟန်း(၁၄)ပါး၊ သီလရှင်(၁၁)ပါးနဲ့ ယောဂီ(၃၃) ပါးကို ၀တ်ပေးခဲ့တာဖြစ်ပါတယ်။မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့ မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းများ၊ မိဘမဲ့ကလေးကျောင်း၊ ဆေးရုံများနဲ့ တရားစခန်းတွေမှာပါ နှစ်စဉ်လှူဒါန်းမှုတွေ ပြုလုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ 

 

 

Related News