Forever Group  ကကြီးမှူး ပြုလုပ်တဲ့Forever Thingyan အစီအစဉ်ကို ရန်ကုန်မြို့ ရှင်စောပုလမ်းမှာရှိတဲ့ ယခင် Myanmar Event Park  ၀င်းအတွင်းမှာ သင်္ကြန်ကာလ(၄) ရက်ကျင်းပ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒီနှစ်မှာတောForever Thingyan  အစီအစဉ်ကို အက၊ အလှ၊ သဘာဝ၊ သံချပ်၊ စွယ်စုံဖျော်ဖြေမှု တွေနဲ့အတူ ကျင်းပသွားမှာပါ။ ဒါ့အပြင် ရေပက်ခံကားတွေအတွက် ရေကစားမဏ္ဍပ်ကိုပါ ဆောက်လုပ် ပေးထားတဲ့အပြင် ဖျော်ဖြေရေးစင်မြင့်အနီး လာရောက်အားပေးလိုတဲ့ ပရိတ်သတ်တွေလည်း အခမဲ့ဝင်ရောက်နိုင်မှာဖြစ်ပြီးစင်မြင့်အနီးမှာလည်း ဈေးဆိုင်ခန်းတွေ ထားရှိပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Forever Thingyan သီဆိုဖျော်ဖြေမှုတွေမှာ ခေတ်ပေါ်ဖျော်ဖြေမှုတွေနဲ့ မြန်မာသံဖျော်ဖြေမှုတွေ လည်းပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ လာရောက်သူတွေအတွက် လုံခြုံရေးကိုလည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရဲ့အကူအညီနဲ့ ကြက်ခြေနီ၊မီးသတ်တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေအပြင် ပုဂ္ဂလိကလုံခြုံရေး အဖွဲ့ဝင်တွေကိုပါ ချထားပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။Forever Thingyan  ရဲ့ ဖျော်ဖြေရေးအစီအစဉ်တွေကို မနက် (၉)နာရီကနေ  ည (၁၀)နာရီအထိပြုလုပ်သွားမှာဖြစ်ပြီး Free To Air  ရုပ်သံလိုင်းတွေဖြစ်တဲ့ MRTV- 4, Channel 7တို့မှာ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမယ့်အပြင် 4HD  နဲ့  Pyone Play တို့မှာလည်း တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News