ထိုင်ဝမ်တေးဂီတအဖွဲ့ Shock Concert Band   မှလာရောက်ဖျော်ဖြေတဲ့ Music From Taiwan  ဂီတဖျော်ဖြေပွဲကို အောက်တိုဘာ (၇)ရက်က ရန်ကုန်မြို့ရှိ Language and Business Center  မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ ကမ္ဘာလှည့်လည်ဖျော်ဖြေနေတဲ့ Shock Concert Band   ဟာ မြန်မာနိုင်ငံမှာ ပထမဆုံး အကြိမ်အဖြစ် လာရောက် ဖျော်ဖြေတာဖြစ်ပြီး ထိုင်ဝမ်ရဲ့ ရိုးရာဂီတတွေနဲ့အတူ အခုခေတ်ဂီတတွေ ကိုပါ ပူးတွဲဖျော်ဖြေခဲ့ကြပါတယ်။ ဒီပြပွဲမှာ တီးဝိုင်းခေါင်းဆောင်(၂)ဦးနဲ့ အတူ ဂီတပညာရှင် (၃၀)ဦးတို့က လေမှုတ်တူရိယာတွေနဲ့ အတူတီးမှုတ်ဖျော်ဖြေခဲ့ကြပါတယ်။

Shock Concert Band  ဟာ(၂၀၀၅)ခုနှစ်မှစတင်ကာ ထိုင်ဝမ်ဂီတတွေကို ကမ္ဘာအရပ်ရပ်ကို ပိုမိုပြန့်နှံ့စေဖို့ ရည်ရွယ်ပြီး တစ်နှစ်ကိုတစ်နိုင်ငံစီလှည့်လည်ဖျော်ဖြေနေတာ ဖြစ်တယ်လို့သိရပါတယ်။ ဒီဖျော်ဖြေပွဲမှာတီးဝိုင်း ခေါင်းဆောင်နှစ်ဦး ဦးဆောင်တီးခေတ်တာဖြစ်ပြီး ပြည်တွင်းကလူငယ် စန္ဒယားပညာရှင်တစ်ဦး လည်းပူးပေါင်းပါဝင်တီးခတ်ခဲ့တယ်လို့သိရပါတယ်။

Shock Concert Band ကို Myanmar Institute of Theology  မှပညာရှင်များ၊ ထိုင်ဝမ် စီးပွားရေးအသင်းအဖွဲ့တွေနဲ့ ဂီတပညာကို စိတ်ဝင်စားသူတွေက တက်ရောက်အားပေးခဲ့ကြပါတယ်။ Shock Concert Band ကို (၁၉၈၂)ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး တိုင်ပေမြို့ရှိ ကျုံးကျံအထက်တန်းကျောင်းရဲ့ ကျောင်းသားဟောင်းများနဲ့ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

 

 

Related News