Forever Group  ရဲ့ စီစဉ်မှုနဲ့ Manadalay FM နဲ့  Teen Radio  တို့ ပူးပေါင်းကျင်းပတဲ့Radio Festival 2017 Show ကို အောက်တိုဘာလ(၂၈)ရက်က မင်းဓမ္မလမ်းရှိ Myanmar Even Park မှာ ကျင်းပခဲ့ပါတယ်။Radio Festival 2017 Show  မှာ Acid ၊ နီနီခင်ဇော်၊ အားတီ၊ စန်္ဒီမြင့်လွင်၊ Big Bag၊Lit'z ၊ Sophia Everest  အစရှိတဲ့ အဆိုတော်တွေက ပါဝင်ဖျော်ဖြေခဲ့ကြပြီး Madalay FM  နဲ့  Teen Radio တို့မှရေဒီယိုတင်ဆက်သူတွေကလည်း ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။
 
ဒီပွဲကို လာရောက်ကြည့်ရှုတဲ့ ပရိသတ်တွေဟာ ညနေ(၄)နာရီကျော်လောက် ကတည်းက ကြည့်ရှုဖို့လာရောက်စောင့်ဆိုင်းနေကြတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ပထမဆုံး အကြိမ်ကျင်းပတဲ့ပွဲလည်းဖြစ်တဲ့အတွက် ၀ါရင့်သရုပ်ဆောင်များ၊ အဆိုတော်များနဲ့ လူကြီးလူငယ် မရွေးလာရောက် ကြည့်ရှုအားပေးခဲ့ကြပါတယ်။အောက်တိုဘာ(၂၈)ရက်မှာပြုလုပ်ခဲ့တဲ့ Radio Festival 2017  ဖျော်ဖြေပွဲကို လာရောက် မကြည့်ရှုနိုင်တဲ့ ပရိသတ်တွေကို ကြည့်ရှုနားဆင်နိုင်ဖို့ Channel-7  ရုပ်သံလိုင်းမှာ တိုက်ရိုက် ထုတ်လွှင့်ပြသပေးခဲ့ပြီး Madalay FM နဲ့ Teen Radio မှလည်း ညနေ(၆)နာရီမှာ တိုက်ရိုက် အသံလွှင့်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ 
 
 
 

Related News