ရန်ကုန် ပန်းချီပန်းပုကျောင်း၊ ရန်ကုန်ယဉ်ကျေးမှုတက္ကသိုလ်၊ မန္တလေးယဉ်ကျေးမှု တက္ကသိုလ်နှင့် ပြင်ပမှပန်းချီဆရာများ ပါဝင်ရေးဆွဲထားတဲ့ 09+ Art First Group Show  ပန်းချီပြပွဲကို နိုဝင်ဘာလ(၁၀)ရက်နေ့မှ (၁၃)ရက်နေ့အထိ ရန်ကုန်မြို့၊ ယောမင်းကြီး လမ်းမှာရှိတဲ့Gallery 65 မှာ ကျင်းပပြုလုပ်နေပါတယ်။ ၂၀၀၉ခုနှစ်ရဲ့ ပန်းချီနှင့်ယဉ်ကျေးမှု တက်္ကသိုလ်ကျောင်း ဆင်းတဲ့ ပန်းချီဆရာများ ပါဝင်ရေးဆွဲထားတာဖြစ်ပြီး၊ မြန်မာနိုင်ငံမှာရှိတဲ့ ပန်းချီဝါသနာရှင်မည်သူမဆို ၀င်ရောက်ပြသနိုင်ဖို့ဖိတ်ခေါ်တဲ့အဓိပ္ပါယ်နဲ့ အခုလို 09+ Art First Group Show ပန်းချီပြပွဲကို ကျင်းပရတာဖြစ်တယ်လို့ သိရပါတယ်။
 
09+ Art First Group Show ပန်းချီပြပွဲမှာ ပန်းချီဆရာ(၁၅)ဦးမှ မြန်မာ့ရိုးရာ၊ မြန်မာအငွေ့အသက်များကိုအဓိကထား ရေးဆွဲထားတာဖြစ်ပြီး၊ ပြသထားတဲ့ပန်းချီကားများကိုတော့ ဆီဆေး၊ အခရိုင်းလစ်စ် (Acrylic)? Collet  စတဲ့ဆေးများနဲ့ရေးဆွဲထားတာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ့ပြပွဲမှာ ပန်းချီကားပေါင်း(၄၂)ကား ပါဝင်ပြသထားပြီး၊ ပန်းချီကားတွေရဲ့ ဈေးနှုန်းတွေကိုတော့ အများဆုံး US ဒေါ်လာ (သုံးထောင်)မှ အနည်းဆုံး US ဒေါ်လာ(နှစ်ရာ)ထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
 
၂၀၀၉ခုနှစ် ပန်းချီနှင့်ယဉ်ကျေးမှုတက္ကသိုလ်ကျောင်းဆင်းတဲ့ ပန်းချီဆရာများဦးဆောင်ပြီး အခုလို Group Show  ပြသတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး၊ ပန်းချီဝါသနာပါတဲ့ လူငယ်များကို လည်း လက်တွဲဆွဲခေါ်သွားကာ အနည်းဆုံး (၁)နှစ်ကိုတစ်ကြိမ် ပြုလုပ်ကျင်းပသွားဖို့ အစီအစဉ်များ လည်းရှိတယ်လို့ သိရပါတယ်။
 
 
 

Related News