တောင်ကိုရီးယားနိုင်ငံ၏ နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်သော Park Han Byul က သူမလက်ထပ်ထားပြီးဖြစ်ကြောင်းနှင့် ရင်သွေးလေးလွယ်ထားရပြီဟူသည့်သတင်းကိုပါ ထုတ်ဖော်ပြောကြားလိုက်သည်ဟုသိရှိရသည်။ လက်ထပ်လိုက်သည့်သတင်းအားတစ်ကြိမ်တစ်ခါမှ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိဖူးသည့် Park Han Byulသည် ယခုရင်သွေးလေးရရှိမှ လက်ထပ်ထားပြီးဟူသည့်သတင်းအားထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ သူမ၏ ရုပ်သံဇာတ်လမ်းတွဲသစ် Borg Mom ကိုရိုက်ကူးပြီးနောက်တစ်ရက်တွင် အဆိုပါသတင်းအားဖွင့်ဟပြောကြားလိုက်ခြင်းဖြစ်ကာလက်ရှိ ကိုယ်ဝန်မှာ (၄) လရနေပြီဟုသိရသည်။

သူမအနေဖြင့် ရိုက်ကူးရေးပြုလုပ်နေစဉ်ကာလကလည်းတခြားလုပ်ဖော်ကိုင် ဖက်များအနှောင့်အယှက်ဖြစ်မည်စိုးသည့်အတွက် ကိုယ်ဝန်လွယ်ထားသည့်သတင်းအားပြောကြားခဲ့ခြင်းမရှိဘဲရိုက်ကူးရေးအစအဆုံးပြီးမှသာယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်ရာပရိသတ်များလည်းအံ့အားသင့်ခဲ့ကြရသည်။ Park Han Byul ၏ ခင်ပွန်းမှာအနုပညာလောကမှ မဟုတ်ကြောင်း၊ (၃) နှစ်ကျော်မိတ်ဆွေများအဖြစ် ခင်မင်လာကြရာမှ လွန်ခဲ့သည့် (၁) နှစ်ခန့်ကမှ ချစ်သူများအဖြစ် လက်တွဲခဲ့ခြင်းဖြစ်ကြောင်းမင်းသမီး၏အနုပညာအေဂျင်စီမှ အတည်ပြုပြောကြားလိုက်သည် ဟုသိရသည်။ 

 

 

Related News