မြန်မာနိုင်ငံမှာပထမဆုံးအကြိမ်အဖြစ် Myanmar Food Festival ကို ရန်ကန်မြို့ Sedona Hotel မှာ ဇန်န၀ါရီလ(၁)ရက်က စတင်ပြီး ဇန်န၀ါရီလ(၃၁)ရက်ထိ (၁)လတာပြုလုပ်နေတာ ဖြစ်ပါတယ်။ ဒီပွဲတော်မှာ မြန်မာ့ရိုးရာအစားအစာတွေကို ပိုမိုဆန်းသစ်အောင် ဖန်တီးချက်ပြုတ်ထားတာ ဖြစ်ပါတယ်။ မြန်မာ့ရိုးရာအစားအစာတွေကို ကြိုက်နှစ်သက်သူတွေနှင့် ဟိုတယ်မှာလာရောက်တည်းခိုတဲ့ နိုင်ငံခြားသား ဧည့်သည်တွေကို မြန်မာရိုးရာအစားအစာတွေကို စားသုံးစေလိုပြီး ပြည်တွင်းထွက်ဒေသ အစားအစာတွေကို သိရှိစေနိုင်ဖို့ ရည်ရွယ်ပြီး အခုလိုကျင်းပပြုလုပ်တာဖြစ်တယ်လို့ ပြောပါတယ်။
 
ပွဲတော်အတွင်းမှာ တည်ခင်းမယ့် မြန်မာ့ရိုးရာဟင်းလျာတွေကို ကျွမ်းကျင်တဲု့ ပြည်တွင်းက စားဖိုမှူးတွေနှင့်ပြည်ပက စားဖိုမှူးတွေ ပူးပေါင်းပါဝင်တဲ့ အချက်အပြုတ်အဖွဲ့က စီစစ်ရွေးချယ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာ့ရိုးရာဆီပြန်ဟင်းများ၊ မြန်မာစတိုင် ဆာတေးနှင့်အသီးအရွက်ကြော်တွေကို အဓိကဟင်းလျာတွေအဖြစ် ချက်ပြုတ်ထားတာဖြစ်ပါတယ်။ လက်ဖက်သုပ်၊ ငှက်ပျောဖူးသုပ်တွေအပြင် မြန်မာအသုပ်မျိုးစုံနှင့် အကြော်မျိုးစုံတို့ကိုလည်း ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့ရိုးရာ မျှစ်ပုဇွန်ချဉ်ပေါင်ဟင်းရည်၊ ပဲကြာဆံဟင်းချိုတို့ကို လည်းတည်ခင်းထားပါတယ်။
 
Myanmar Food  Festival ပွဲတော်မှာ လူကြိုက်များ ထင်ရှားတဲ့ မြန်မာ့ရိုးရာအစားအစာ အမျိုးအစားပေါင်း ၄၀ကျော်ကို ဘူဖေးပုံစံဖြင့် သုံးဆောင်နိုင်မှာဖြစ်ပြီး ပုံမှန်တည်ခင်းထားတဲ့ အနောက်တိုင်းအစားအစာတွေနဲ့  အချိုပွဲ ဘူဖေးတွေကိုပါ သုံးဆောင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။Myanmar Food Festival ကို နေ့လည်စာအချိန် (မနက် ၁၁း၃၀ မှ နေ့လည် ၂း၃၀ ထိ) ညစာအချိန် ( ညနေ ၇း၃၀ မှ ည ၁၁း၃၀ )အထိ Sedona Hotel Yangon  မှာရောင်းချနေတာ ဖြစ်ပါတယ်။
 
 
 

Related News