နည်းပညာတက္ကသိုလ် (မန္တလေး) နှစ်ပတ်လည် မဂ္ဂဇင်း ကလောင်ရှင်ဂုဏ်ပြုပွဲကို ဇန်န၀ါရီလ ၁၁ ရက်က နည်းပညာတက္ကသိုလ်(မန္တလေး)မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။အခုဂုဏ်ပြု ပွဲဟာ ၂၀၁၅-၂၀၁၆ နည်းပညာတက္ကသိုလ် (မန္တလေး)နှစ်ပတ်လည်းမဂ္ဂဇင်းမှာ ပါဝင်ရေးသားခဲ့တဲ့ ဆရာဆရာမ၊ကျောင်းသူကျောင်းသားကလောင်ရှင်တွေကို ဂုဏ်ပြုပွဲပြုလုပ်ပေးတာဖြစ်တယ်လို့ သိရပါတယ်။နည်းပညာတက္ကသိုလ် မန္တလေးကျောင်းသားကျောင်းသူတွေအတွက် နှစ်ပတ်လည် မဂ္ဂဇင်းကို နှစ်စဉ်ထုတ်ပေးနေတာဖြစ်တယ်လို့ဆိုပါတယ်။ဒီမဂ္ဂဇင်းမှာတော့ နည်းပညာဆောင်းပါး၊ ၀တ္ထုတို၊ ၀တ္ထုရှည်၊ ကဗျာ၊ အင်္ဂလိပ်စာကဏ္ဍ၊ သုတ၊ ရသ၊ အက်ဆေး၊ကာတွန်း၊ဟာသစတဲ့ကဏ္ဍစုံပါဝင်တယ်လို့ သိရပါတယ်။
 
မဂ္ဂဇင်းမှာ ပါဝင်တဲ့ မျက်နှာဖုံးဆု၊ကလောင်ရှင်ဆု စုစုပေါင်း ၆၉ ဦးကိုပေးခဲ့တာဖြစ်ပြီး ဂုဏ်ပြုမှတ်တမ်း လွှာတွေကိုလည်း ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။တက္ကသိုလ်မဂ္ဂဇင်းတွေဟာ ကျောင်းရဲ့ပုံရိပ်တွေဖြစ်ပြီး ကျောင်းသူကျောင်းသားတွေကြားမှာလည်း လူမှုကွန်ရက်ကို အသုံးပြုရေးသားကြတာတွေရှိကြပြီး ကျောင်းမဂ္ဂဇင်းတွေမှာ ကျောင်းသူကျောင်းသားတွေလည်းပါဝင်ဖို့ လိုအပ်တယ်လို့ ကျောင်းသူ တစ်ဦးက အခုလိုပြောပါတယ်။ နည်းပညာတက္ကသိုလ် မန္တလေးနှစ်ပတ်လည် မဂ္ဂဇင်းကလောင်ရှင်ဂုဏ်ပြုပွဲနဲ့အတူ စာပေယဉ်ကျေးမှုအနုပညာအသင်း အလုပ်အမှုဆောင်ပြန်လည်ရွေးချယ်ပွဲကိုလည်းပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
 
 
 

Related News