ဂန္ထ၀င်သီးချင်းပြိုင်ပွဲကို ဖေဖော်ဝါရီလ (၂)ရက်က အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှာကျင်းပခဲ့ပါတယ်။ဂန္ထ၀င်သီချင်းဆိုပြိုင်ပွဲအတွက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ဂီတပညာဌာနမှ ပြိုင်ပွဲဝင် (၄၂)ဦးက နန်းတော်ရှေ့ဆရာတင်၊ ရွှေပြည်အေး၊မြို့မငြိမ်း၊စန်္ဒယားလှထွဋ်၊ ဂီတနတ်သံကိုစောငြိမ်းတို့ရဲ့ သီချင်းတွေသီဆိုယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဖေဖော်ဝါရီလ (၂)ရက်နေ့မှာတော့ နောက်ဆုံးအဆင့် (၁၄)ဦးကို ထပ်မံရွေးချယ်ခဲ့ပြီး သတ်မှတ်ပေးထားတဲ့တေးချင်းတွေကို ပါဝင်ယှဉ်ပြိုင်ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ပညာရှင်များနဲ့အတူ ဂီတပညာဌာနမှ ဆရာ၊ဆရာမများကအကဲဖြတ် အမှတ်ပေးသွားမှာဖြစ်ပြီး မူရင်းသီချင်းကို ထင်ဟပ်ပြသနိုင်မှု၊ပါရမီ၊စာသားတွေကိုပီပီပြင်ပြင် နဲ့သီဆိုနိုင်မှုစတဲ့ အချက်တွေအပေါ်အကဲဖြတ်အမှတ်ပေးသွားမယ်လို့သိရပါတယ်။ မြန်မာ့ဂီတစဉ်ဆက်မပြတ်ရှင်သန်စေဖို့ ရည်ရွယ်ပြီး အခုလိုပြိုင်ပွဲတွေကိုကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်အနေနဲ့ မြန်မာ့ဂီတပညာစဉ်ဆက်မပြတ် တိုးတက်စေဖို့အတွက် အခုလို သီချင်းဆိုပြိုင်ပွဲတွေကို ဆက်လက်ကျင်းပသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

 

 

 

Related News