ပြည်တွင်းက Forever Group နဲ့ ပြင်သစ်အခြေစိုက်  အခပေးရုပ်သံလုပ်ငန်း လုပ်ကိုင် တဲ့ CANAL + Group တို့ ပူးပေါင်းပြီး မြန်မာပြည်မှာထုတ်လွှင့်နေတဲ့ CANAL+ အခပေး တီဗီအသစ်နဲ့ ပတ်သက်ပြီး တရားဝင်မိတ်ဆက်တဲ့အခမ်းအနားကို မနေ့ကဖေဖော်ဝါရီ (၆)ရက်က ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ဒီအခမ်းအနားကိုတော့Forever Group က တာဝန်ရှိသူတွေ ၊CANAL +Group  နဲ့ CANAL+ Myanmar FG Ltd ကတာဝန်ရှိသူတွေ၊ မီဒီယာနဲ့အထူးဖိတ်ကြားထားသူတွေ တက်ရောက်ခဲကြပါတယ်။

အဲ့ဒီနောက် CANAL+ အခပေးတီဗီအသစ် နဲ့ပတ်သက်ပြီး တာဝန်ရှိသူ အသီးသီးက မိတ်ဆက်ရှင်းလင်းမှုတွေပြုလုပ်ခဲ့ပါတယ်။ပိုလန်၊ ဗီယက်နမ်၊ အာဖရိက နိုင်ငံတွေ အပါအ၀င်နိုင်ငံပေါင်း (၃၅)နိုင်ငံ ကျော်မှာ အခပေးရုပ်သံလုပ်ငန်းလုပ်ကိုင်နေတဲ့ CANAL+ Groupစ နဲ့Forever Group တို့ပူးပေါင်းပြီး CANAL+  Myanmar FG Ltd ကနေ ပြည်တွင်းမှာ ရုပ်ရှင်၊ ဂီတ၊ အားကစား၊ ဖျော်ဖြေရေး ရုပ်သံလိုင်းတွေ အပါအ၀င် အခပေးရုပ်သံလိုင်းပေါင်း(၇၅)လိုင်းကျော်ကို ထုတ်လွှင့်ပေးနေပြီ ဖြစ်ပါတယ်။

CANAL+ အခပေးတီဗီအသစ်မှာတော့ ကိုယ်ပိုင်ရုပ်သံလိုင်း (၈)လိုင်း၊ သီးသန့် ရုပ်သံလိုင်း (၂၅)လိုင်း၊ မြန်မာနိုင်ငံမှာ ပထမဆုံးထုတ်လွှင့်တဲ့ နိုင်ငံတကာရုပ်သံလိုင်း(၄၅)လိုင်းကျော် ပါဝင်တာဖြစ်ပါတယ်။ ကိုယ်ပိုင်ထုတ်လွှင့်တဲ့ ရုပ်သံလိုင်း(၈)လိုင်းမှာတော့ ကိုယ်ပိုင်ရိုက်ကူးမယ့် ဇာတ်လမ်းတွေ၊ ခရီးသွားအစီအစဉ်တွေ၊ ပညာပေးနဲ့ဖျော်ဖြေရေးအစီအစဉ်တွေ၊အပါအ၀င် သီးသန့် အစီအစဉ်များစွာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။CANAL+ ကို သက်တမ်းတိုးကြည့်ရှုချင်သူတွေအတွက် ရှယ်နဲ့ထူးရှယ်ဆိုပြီး ရုပ်သံ Package နှစ်မျိုးခွဲခြား ထားပါတယ်။

ရှယ်မှာတော့ ရုပ်သံလိုင်း (၃၆) လိုင်းပါဝင်ပြီး တစ်လကို (၄၈၀၀) ကျပ်ကျသင့်မှာဖြစ်ပြီး ထူးရှယ် Package မှာတော့ ရုပ်သံလိုင်း(၇၈)လိုင်းပါဝင်ပြီး တစ်လကို (၇၉၀၀)ကျပ် ကျသင့်မှာဖြစ်ပါတယ်။လွယ်ကူစွာသက်တမ်းတိုးကြည့်ရှုနိုင်ဖို့ လက်ရှိမှာ CANAL+ အရောင်းဆိုင်တွေ ဖွင့်လှစ်ပေး နေသလို အရောင်းကိုယ်စားလှယ်(၄၀၀)ကျော်ထားရှိပြီးဖြစ်ကာ ၊ ဆက်လက်ပြီး သက်တမ်းတိုးကြည့် ရှုရာမှာ ပိုမိုလွယ်ကူနိုင်အောင် မြန်မာနိုင်ငံရဲ့ ငွေပေးချေမှုဆိုင်ရာ ၀န်ဆောင်မှုများနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

CANAL+ အခပေးတီဗီအသစ်ကိုတော့  အင်တာနာနဲ့  ရုပ်သံဖမ်းစက်တွဲပြီး ဖမ်းယူကြည့်ရှု နိုင်တဲ့ DTTစနစ်နဲ့ စလောင်းနဲ့ ရုပ်သံဖမ်းစက်တွဲပြီး ဖမ်းယူကြည့်ရှုရတဲ့ DTH  စနစ်နှစ်မျိုးနဲ့ ထုတ်လွှင့်ပြသမှာဖြစ်ပြီး ရုပ်သံဖမ်းစက်တွေကိုတော့ CANAL+ အရောင်းဆိုင်တွေမှာ ၀ယ်ယူကြည့်ရှု နိုင်တယ်လို့ သိရပါတယ်။

 

 

 

Related News