မန္တလေးတိုင်းဒေသကြီး တိုင်းဒေသကြီးအဆင့် ဆဋ္ဌမအကြိမ် မြန်မာ့နွားသိုးအလှ၊ နို့စားနွား၊ နဲ့ ဆိတ်ပြပွဲ၊ပြိုင်ပွဲကို ဖေဖေါ်ဝါရီလ ၁၁ ရက်ကမန္တလေးမြို့၊ ကျွဲဆည်ကန် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူးရုံးဝင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။မန္တလေးတိုင်းဒေသကြီးမှာ လွန်ခဲ့တဲ့နှစ်ပေါင်း (၃၀) ခန့် ကမျိုးရိုး ဗီဇကောင်းပြီး နို့ထွက်ကောင်းတဲ့ နို့စားနွားမနဲ့ နွားကောင်းတွေဖြစ်ထွန်းခဲ့ပေမယ့် နောက်ပိုင်းမှာထိန်းသိန်း စောင့်ရှောက်မှုအားနည်းတာကြောင့် တဖြည်းဖြည်းလျော့နည်းလာ တယ်လို့သိရပါတယ်။ အခုလို မြန်မာ့နွားသိုးအလှ၊ နို့စားနွားနဲ့ ဆိတ် ပြပွဲ၊ပြိုင်ပွဲတွေပြုလုပ် ပေးတာဟာမျိုးကောင်းမျိုးသန့်တွေ ပေါ်ထွန်းလာစေဖို့နဲ့ပေါ်ထွန်းလာတဲ့ မျိုးကောင်းမျိုးသန့်တွေကိုလည်းပျောက်ကွယ်မ သွားရအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ရည်ရွယ်ပြုလုပ်ပေးတာဖြစ်တယ်လို့သိရပါတယ်။ 
 
ဒီပြိုင်ပွဲကိုတော့ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ (၂၄)မြို့နယ်က မွေးမြူရေး တောင်သူတွေက လာရောက်ယှဉ်ပြိုင် ကြတာဖြစ်ပြီးမြန်မာ့နွားသိုးပြိုင်ပွဲ၊ နို့စားနွားမပြိုင်ပွဲ၊ ဆိတ်အထီးအမပြိုင်ပွဲတွေ ပါဝင်ပါတယ်။ပြိုင်ပွဲမှာဆုကြေးအဖြစ်ပထမဆုငွေကျပ်(၃)သိန်း၊ ဒုတိယဆုငွေကျပ်(၂)သိန်း၊ တတိယ ဆုငွေကျပ် (၁)သိန်းနဲ့ဂုဏ်ပြုလက်မှတ်တွေချီးမြှင့်ပေးသွားမယ်လို့သိရပါတယ်။အခုလိုပွဲတွေကနေ မျိုးကောင်းမျိုးသန့်တွေကို မွေးမြူရေးလုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်ပြီး အရောင်းအ၀ယ်ပြုလုပ်နိုင်မှာ လည်း ဖြစ်တယ်လို့သိရပါတယ်။
 
မွေးမြူရေးနှင့်ကုသရေးဦစီးဌာနက မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများ ဖွင့်လှစ်ပို့ပြီး နည်းပညာများပံ့ပိုးခြင်း၊ မြစိမ်းရောင် (အသားကဏ္ဍ) အစီအစဉ်နဲ့ နွားမွေးမြူရေး ချေးငွေထုန်ချေးခြင်း၊ မွေးမြူတောင်သူတစ်ဦးချင်းဝင်ငွေတိုးပွားရေး၊ ကျေးလက်ဒေသဖွံဖြိုးရေး ၊စားနပ်ရိက္ခာထုတ်လုပ်မှုလုပ်ငန်းတွေ အထောက်အကူဖြစ်စေရေးတွေဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ နိုင်ငံတော်အနေနဲ့လည်း ကျွဲ၊နွားနဲ့ဆိတ်ကိုပြည်ပကို တင်ပို့ခွင့်တွေပြုလုပ်ပေးထားပြီး အခုလိုပြပွဲပြိုင်ပွဲပြုလုပ်တာဟာ မျိုးကောင်းမျိုးသန့်တွေပေါ်ထွန်းလာဖို့ တစ်ဖက်တစ်လမ်း အထောက်အကူဖြစ်စေတယ်လို့အခုလိုပြောပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၇-၂၀၁၈ ခုနှစ် စာရင်းအရ နွားကောင်ရေ (၂.၄)သန်း ကျော်နဲ့ ဆိတ်ကောင်ရေ (၁.၆)သန်းကျော် ရှိတယ်လို့သိရပါတယ်။
 
 
 

Related News