Myanmar Media Development Center ရဲ  Diploma in Tv Broadcasting Batch 9 သင်တန်းဆင်းပွဲနှင့်အောင်လက်မှတ်ပေးအပ်ပွဲကိုတော့ ဖေဖော်ဝါရီလ (၁၇)ရက်နေ့  Parkroyal hotel တွင်ကျင်းပပြုလုပ်ခဲ့ပါတယ်။အရည်သွေးပြည့်မီတဲ့ မျိုးဆက်သစ်မီဒီယာလူငယ်သမားများကို မွေးထုတ်ပေးနေတဲ့ Myanmar Media Development Center ကျင်းပပြုလုပ်တဲီ့Diploma in Tv Broadcasting Batch 9 သင်တန်းဆင်းပွဲနှင့်အောင်လက်မှတ်ပေးအပ်ပွဲမှာ သင်တန်းသားသင်တန်းသူဦးရေ (၂၇)ဦးကို သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးခဲ့တာပဲဖြစ်ပါတယ်။
 
သင်တန်းဆင်းပွဲမှာ ဒီပလိုမာကျောင်းသား ကျောင်းသူများရဲ့ Final Project များကို ပြန်လည်ပြသပေးခဲ့ပြီး အဲ့ဒီ Project တွေထဲမှ ဆု(၃)ဆုကို ချီးမြှင့်ခဲ့ရာGroup 1 Trackုအဖွဲ့က Winner ဆုကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် သင်တန်းကာလအတွင်း အထူးချွန်ဆုံးကျောင်းသား(၁)ဦး ကိုလဲ ထူးချွန်ဆုအဖြစ် ပေးအပ်ချီးမြှင့်ပေးခဲ့ပါတယ်။အဆိုပါသင်တန်းဆင်းပွဲမှာ ဒီပလိုမာကျောင်းသားကျောင်းသူများရဲ MMDC Theme song များကိုသီဆိုဖျော်ဖြေခဲ့ပြီး  သင်တန်းကာလတလျှောက် အမှတ်တရပုံရိပ်များ ပြန်လည်ပြသခဲ့တယ်လို့သိရပါတယ်။
 
 
 

Related News