Forever Group က တာဝန်ကျင်းပမယ့် ၂၀၁၇ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပွဲ အား LIFE Cosmectic မှ Main Sponsor အဖြစ် ကူညီပံ့ပိုးမှုအတွက် စာနယ်ဇင်းရှင်းလင်းပွဲကို မတ်လ(၁၀)ရက်က ကမ္ဘာအေး Executive Residence မှာပြုလုပ်ခဲ့ပါတယ်။
 
၂၀၁၇ခုနှစ်မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကိုတော့ မတ်လ၂၃ရက်မှာ မင်းဓမ္မလမ်းမှာရှိတဲ့ Myanmar Event Park (MEP) များကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါတယ်။ LIFE Cosmectic အနေနဲ့ မြန်မာ့ရုပ်ရှင်အစည်းအရုံးမှပေးအပ်တဲ့ ၂၀၁၇ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားမှာ Forever group နဲ့ အတူ main sponsor တဦးအနေနဲ့  ပါဝင်ခွင့်ရရှိတဲ့အတွက် ၀မ်းသာဂုဏ်ယူမိတယ်လို့ ပြောပါတယ်။
 
ဒီနှစ်မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကို Main Sponsor  အဖြစ်ကူညီပေးရတာက  အသစ်တက်လာတဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့ အနုပညာကိုအားပေးရင်း မြန်မာ့ရုပ်ရှင် အနုပညာကိုလဲ ၀ိုင်းဝန်းပံ့ပိုးပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
 
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကို တက်ရောက်အားပေးကြတဲ့သူတွေအားလုံးအတွက် life cosmetic  လက်ဆောင်များကို forever group ကစီစဉ်ထားတဲ့ အကယ်ဒမီပွဲတက် လက်ဆောင်အိပ်များမှာ  ထည့်သွင်းပေးသွားမှာဖြစ်ပြီး Life Cosmetic မှ တာဝန်ရှိသူများကလဲ အထူးလက်ဆောင်များကို ကိုယ်တိုင်ကိုယ်ကျ ထပ်မံပြီး ပေးဝေသွားမှာလို့ လဲသိရှိခဲ့ရပါတယ်။ 
 
 
 
 

Related News