မြို့မအပျော်တမ်းတူရိယာအသင်းဟာ ပြီးခဲ့တဲ့ နှစ်သင်္ကြန်အချိန်တွေက ငွေငန်းအလှပြယာဉ်နဲ့ လှည့်လှည်ဖျော်ဖြေမှု ကိုသာပြုလုပ်ခဲ့ပြီး ယခုနှစ်မှာ မန္တလေးမြို့တော်ဝန်က ဖိတ်ကြားထားတာကြောင့် မန္တလေးမြို့တော်ဝန်မဏ္ဍပ်မှာဖျော်ဖြေသွားမယ်လို့ သိရပါတယ်။ငွေငန်းရုပ်အလှပြယာဉ်၊ မြို့မအပျော်တမ်းတူရိယာအသင်းတို့ဟာ မန္တလေးသင်္ကြန်မှာတော့ ခွဲခြားလို့မရအောင် အစဉ်အလာကြီးတဲ့ အသင်းကြီးတစ်ခုဖြစ်ပါတယ်။ မြို့မအပျော်တမ်းတူရိယာအသင်း ကို ဆရာမြို့မငြိမ်းနဲ့ လူငယ်တွေက ၁၉၂၅ ခုနှစ်ကစတင်တည်ထောင်ခဲ့ပြီး အခုဆို ၉၃နှစ်ရှိပြီ ဖြစ်ပါတယ်။

ဒီမြို့မအပျော်တမ်းတူရိယာအသင်းဟာ ယခုနှစ် မန္တလေးသင်္ကြန်မှာတော့ မန္တလေးမြို့တော် ၀န်မဏ္ဍပ်မှာ ဖျော်ဖြေမယ့်အစီအစဉ်နဲ့ ငွေငန်းအလှပြယာဉ်နဲ့ လည့်လှည်ဖျော်ဖြေမယ့် အစီအစဉ်နှစ်ခု ပြုလုပ်သွားမယ်လို့သိရပါတယ်။ မြို့မအပျော်တမ်းတူရိယာအသင်းအသင်းအနေနဲ့ အခုလက်ရှိမှာ သင်္ကြန်အတွက် သီခင်းတွေ တိုက်တာတွေပြုလုပ်နေပြီဖြစ်ပါတယ်။ ယခုနှစ်မှာသီချင်းအသစ် ၁၂ ပုဒ်လည်း ပါဝင်မှာဖြစ်ပြီး သီချင်းသစ်တွေကိုတော့ မြို့မဆရာပေါ၊ မြို့မသန်းမောင်ဝင်း၊ ကိုမောင်စိန်စတဲ့ တေးရေးဆရာတွေက ရေးစပ်သီကုံးပေးထားကြတယ်လို့ သိရပါတယ်။

မြို့မအသင်းရဲ့ မန္တလေးသင်္ကြန် ဖျော်ဖြေမှုအစီအ စဉ်တွေမှာဆရာကြီးမြို့မငြိမ်း၊ နန်းတော်ရှေ့ဆရာတင်၊ ဦးဘိုခင်၊ ဆရာကြီးဦးဘသိန်း၊ မြို့မဆရာပေါစတဲ့ ဆရာကြီးတွေရဲ့ သီချင်းတွေကိုလည်းဖျော်ဖြေသွားမယ်လို့သိရတယ်။မြို့မအပျော်တမ်းတူရိယာအသင်းရဲ့ ငွေငန်းအလှပြယာဉ်နဲ့လှည့်လှည်ဖျော်ဖြေတာကို အကြိုနေ့ တစ်ရက်လုံးမှာ မနက်ရောညပါ လှည့်လည်မှာဖြစ်ပြီး ကျန်တဲ့သင်္ကြန်ရက်တွေမှာတော့ ညပိုင်းမှာသာ လှည့်လှည်သွားမယ်လို့ သိရပါတယ်။

 

 

Related News