ပွဲလန်းသဘင်များမှာ မြန်မာသံတေးသီချင်းများကို သီဆိုနေကြတဲ့ မြန်မာသံတေးသံရှင်တွေ အနေနဲ့ တေးသီချင်းများကို ဌာန်ကရိုင်းကျကျသီဆိုနိုင်ဖို့ နိုင်ငံကျော်တေးသရှင် ဒေါ်မာမာအေးက အခမဲ့ (၁၂)ရက်တာသင်တန်းကို မြန်မာနိုင်ငံဂီတအစည်းအရုံးမှာ သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

မန်မာသံတေးသံရှင်တွေအနေနဲ့ မြန်မာသံတေးသီချင်းတွေသီဆိုရာမှာ စနစ်တကျဆိုနိုင်ဖို့၊ စာလုံးပီသနိုင်ဖို့၊ အဆွဲအငင်တွေကို မှန်ကန်အောင်သီဆိုနိုင်ပြီး နောင်လာမယ့် မျိုးဆက်သစ်တေးသံရှင်တွေကို လက်ဆင့်ကမ်းမျှဝေပေးနိုင်ဖို့တွေလိုအပ်နေတာပါ။

မြန်မာနိုင်ငံဂီတအစည်းအရုံးက  ဂီတပညာပြန့်ပွားရေးကော်မတီကဦးစီးပြီး ဒီအဆိုမွန်းမံ သင်တန်းပေးနိုင်ဖို့ကို လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဒီသင်တန်းကိုတော့ အဆိုပြိုင်ပွဲများမှာ ပထမ၊ဒုတိယ၊တတိယ ဆုရရှိပြီးတဲ့ အဆိုရှင်တွေကို အဆိုအရည်အသွေးပိုမိုကောင်းမွန်လာစေဖို့ရည်ရွယ်ပြီး မွန်းမံသင်ကြားပေးခဲ့တာလို့ဆိုပါတယ်။

သင်တန်းကိုတော့ အခမဲ့သင်ကြားပေးခဲ့တာဖြစ်ပြီး ဒီသင်တန်းကနေ မြန်မာ့ဂီတပညာ ပိုမိုပြန်ပွားလာနိုင်ဖို့ကိုလည်း ရည်ရွယ်ထားတယ်လို့သိရပါတယ်။ ဒီသင်တန်းမှာ တက်သစ်စတေးသံရှင်များအပြင် နာမည်ရတေးသံရှင်များပါ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒီသင်တန်းကိုတော့ မတ်လ (၅)ရက်နေ့ကနေ မတ်လ (၁၆)ရက်အထိဖွင့်လှစ်ပေးခဲ့တယ်လို့သိရပါတယ်။

 

 

Related News