၂၀၁၇ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြင့်ပွဲအခမ်းအနားမှာထူးချွန်ဆုပေးအပ်မယ့် ရွှေစင်ကြယ်တစ်ခုကို ရွှေ(၅)ကျပ်သားနဲ့ ပြုလုပ်ထားတယ်လို့ မတ်လ၁၇ရက်က မန္တလေးမြို့ အောင်သမာဓိ စိန်ရွှေရတနာဆိုင်နှင့် ရွှေသန့်စင်လုပ်ငန်း ဆိုင်အမှတ် ၆မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲကသိရပါတယ်။

၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ စီစဉ်မှုဖြင့်Forver Group နဲ့ မိတ်ဖက်ကုမ္ပဏီတွေက ပံ့ပိုးကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီမြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲမှာ ထူးချွန်ဆုပေးအပ်မယ့် ရွှေစင်ကြယ်တွေကိုတော့ Forver Groupနဲ့ ပူးပေါင်းပြီး အောင်သမာဓိကGold Partner အနေနဲ့ပါဝင်ပေးထားကာ ပေးအပ်သွားမယ့် ရွှေစင်ကြယ်တစ်ခုကိုတော့ ၅ကျပ်သားစီ ပြုလုပ်ထားပြီး (၁၅)ပဲရည် ရွှေစင်ကြယ်(၁၃)ခု ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။

ဒီရွှေစင်ကြယ်တွေကိုတော့ မတ်လ ၁၃ ရက်က စတင်ပြုလုပ်နေပြီး ရွှေစင်ကြယ် ဒီဇိုင်း အနေနဲ့ စိန်တော်စက်ဖြတ်ဒီဇိုင်းဖြစ်ပြီး အောင်သမာဓိကိုယ်ပိုင်ပန်းထိမ်နဲ့ ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကိုတော့ မတ်လ ၂၃ရက်မှာ ရန်ကုန်မြို့ မင်းဓမ္မလမ်းမှာရှိတဲ့ Myanmar Event Park မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

 

 

Related News