ဒီနှစ် မန္တလေးသင်္ကြန်ကို ညပိုင်းမှာပါ လည်ပတ်စရာရှိလာအောင် ညဈေးခင်းပါဝင်တဲ့ တောသင်္ကြန်ဓလေ့တွေကိုပါ ထည့်သွင်းသွားမယ်လို့ သိရပါတယ်။ မန္တလေးသင်္ကြန်မှာ အခုတောသင်္ကြန်ကိုပထမဆုံးအကြိမ် ထည့်သွင်းကျင်းပတာဖြစ်ပြီး ကျင်းပမယ့် နေရာကကျုံးအရှေ့ဘက်ခြမ်း(၆၆)လမ်းမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုနှစ်သင်္ကြန်မှာ တောသင်္ကြန် ထည့်သွင်းခြင်းနဲ့ ပတ်သက်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့် က အခုလိုရှင်းပြပါတယ်။
 
တောသင်္ကြန် ညဈေးမှာတော့ ၁၂ ပွဲဈေးတန်းတွေလို မြန်မာ့ရိုးရာအစားအစာဆိုင်တန်း၊ ဒေသထွက်အစားအစာ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်တွေနဲ့ စာအုပ်ဆိုင်တန်းတွေ ပါဝင်မယ်လို့ သိရပါတယ်။ ဖျော်ဖြေရေးအနေနဲ့ ပိတ်ကားထောင်ကြည့်ရတဲ့ ရှေးရုပ်ရှင်၊ မြန့်မာ့ရိုးရာရုပ်ကြီးစင်၊ ဆင်အက၊ အိုးစည်ဒိုးပတ်ဝိုင်း၊ ခြင်းလုံးဝိုင်း၊ ချောတိုင်တက်ပွဲနဲ့ သနပ်ခါးလူးပွဲတွေ ပါဝင်မှာ ဖြစ်ပါတယ်။ မန္တလေးတောသင်္ကြန်ညဈေးမှာ ဆိုင်ခင်းကျင်းလိုသူစာရင်းတွေကို စတင်လက်ခံနေပြီး ဆိုင်ခန်းတွေကိုတော့အခမဲ့ ရောင်းချခွင့်ပြုမယ်လို့လည်း အခုလိုပြောပါတယ်။ မန္တလေးတောသင်္ကြန်ညဈေးကိုတော့သင်္ကြန်အကြိုနေ့ကနေ အတက်နေ့အထိ နေစဉ် ည (၇)နာရီကနေ (၁၁)နာရီအထိ ခင်းကျင်းသွားမယ်လို့ သိရပါတယ်။
 
 

Related News