မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် စင်မြင့်တည်ဆောက်ဖို့ လွန်ခဲ့တဲ့ (၃)လ ကတည်းက ပြင်ဆင်တည်ဆောက်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ပြီးစီးမှု(၈၀)ရာခိုင်နှုန်းထိ ရှိနေပြီလို့ သိရပါတယ်။ ဒီအခမ်းအနားစင်မြင့်ကို  Forever Group က တာဝန်ယူတည်ဆောက်နေတာဖြစ်ပြီး ဒီကနေ့မတ်လ(၂၀)ရက်မှာတော့ အပြီးသတ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အလင်းပိုင်း၊ အသံပိုင်းစတာတွေတပ်ဆင်မှုပြီး စီးလုနီးပါးဖြစ်နေတယ်လို့ ဆိုပါတယ်။ စင်မြင့်ကို အလျားပေ(၁၂၀)၊ အနံပေ (၅၀)တည်ဆောက်ထားတာဖြစ်ပြီး ပရိသတ်အယောက် (၃၀၀၀)ခန့်အထိ ၀င်ရောက်ကြည့်ရှုနိုင်မယ်လို့ ဆိုပါတယ်။

စင်မြင့်ကို တည်ဆောက်နိုင်ဖို့ နိုင်ငံတကာမှာလုပ်တဲ့ ပွဲတွေကိုလေ့လာပြီး ဒီဇိုင်းပညာရှင်တွေနဲ့ ညှိနှိုင်းတိုင်ပင်ကာဒီဇိုင်းကို ပူးပေါင်းပြီးရေးဆွဲထားတယ်လို့ သိရပါတယ်။ စင်မြင့်မှာ ပွဲအတွက်နောက်ဆုံးအဆင့်ကြိုတင်လေ့ကျင့်မှုကိုတော့  မတ်လ(၂၁)နဲ့ (၂၂) ရက်မှာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဖျော်ဖြေရေးအစီအစဉ်ကို စင်မြင့်မှာ လေ့ကျင့်ပြင်ဆင်မှုတွေပြုလုပ်နေပြီး စင်မြင့်အပြင်အဆင်နဲ့ အကျယ်အ၀န်းကြောင့် ဖျော်ဖြေရေး အစီအစဉ်တွေမှာ အခက်အခဲမရှိဘူးလို့ ပြောပါတယ်။မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကိုလာရောက်တဲ့ အနုပညာရှင်တွေအတွက် ကားပါကင်ကို မင်းဓမ္မလမ်းမှာရှိတဲ့MCC မှာ ထားရှိပေးမှာဖြစ်ပြီး အဲ့ဒီမှာပဲနားနေဆောင်ကို ထားရှိပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကိုတော့ မတ်လ(၂၃)ရက်နေ့မှာ ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ Myanmar Event Park မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

 

 

Related News