မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် စီစဉ်ဆောင်ရွက်ခွင့်ရရှိထားတဲ့Forever Group အနေနဲ့ ဒီကနေ့မတ်လ(၂၂)ရက်မှာတော့ အခမ်းအနားပြင်ဆင်မှုတွေကို အပြီးသတ်ပြင်ဆင်နိုင်ခဲ့ပြီဖြစ်ပါတယ်။
 
အခမ်းအနားပြင်ဆင်မှုအပိုင်းအနေနဲ့ မြန်မာရုပ်ရှင်ထူးချွန်ဆုပေးအပ်မည့် စင်မြင့်ဟာ ခန်းမအတွင်း ကျင်းပမှာဖြစ်တာကြောင့် LED အပြင်အဆင် အလင်းရောင် အသံပိုင်းတွေကို အဓိကပြင်ဆင် ထားတယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် အခမ်းအနားကျင်းပမည့် စင်မြင့်ကိုလည်း ရှင်းရှင်းလင်းလင်း ဖြစ်အောင် အလှဆင်တည်ဆောက်ထားပါတယ်။ အခမ်းအနားစင်မြင့်ကို ပေ(၁၂၀)ပေ (၅၀)အကျယ် တည်ဆောက်ထားတာဖြစ်ပြီး အခမ်းအနားအတွင်းကိုတော့ ပရိသတ်(၃၀၀၀)ခန့်အထိ ၀င်ရောက်ကြည့်ရှု နိုင်မယ်လို့ ဆိုပါတယ်။မတ်လ(၂၂)ရက်နေ့မှာ ပြုလုပ်တဲ့အပြီးသတ်လေ့ကျင့်မှုမှာတော့ နည်းပညာအဖွဲ့၊ အစီအစဉ် တင်ဆက်သူများ၊ ရိုက်ကူးထုတ်လုပ်မှုအဖွဲ့၊ နိုင်ငံတော်သံစုံတီးဝိုင်းများ အစအဆုံး အပြီးသတ်လေ့ကျင့် ပြင်ဆင်ခဲ့ကြပါတယ်။
 
ဒါ့အပြင်အစီအစဉ်တင်ဆက်သူက စီစဉ်တင်ဆက်မယ့် ပုံစံတွေ၊ဆုပေးမှု ပုံစံတွေ၊ဂုဏ်ပြုသရုပ်ဖော်ပြသမှုတွေအပြင် တစ်ဦးချင်းဖျော်ဖြေတင်ဆက်မယ့် တေးသံရှင်များကလည်း တီးဝိုင်းနဲ့ လေ့ကျင့်ပြင်ဆင်တာတွေကို အပြီးသတ်လေ့ကျင်ပြင်ဆင်ခဲ့ ကြပါတယ်။
 
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကိုလာရောက်တဲ့ အနုပညာရှင်တွေအတွက် ကားပါကင်ကို မင်းဓမ္မလမ်းမှာရှိတဲ့ MCC မှာ ထားရှိပေးမှာဖြစ်ပြီး အဲ့ဒီမှာပဲ အနုပညာရှင်တွေအတွက် နားနေဆောင်ကို ထားရှိပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။
 
 မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကိုတော့ မနက်ဖြန်မတ်လ (၂၃)ရက်မှာ ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ Myanmar Event Park  မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ယခုနှစ်မှာတော့ ရုပ်ရှင်တစ်သက်တာထူးချွန်ဆုကို ပထမဦးဆုံးအကြိမ်အဖြစ် ထည့်သွင်းပေး အပ်သွားမှာ ဖြစ်ပါတယ်။
 
 

Related News