Myanmar Insight 2018 ဟောပြောပွဲ ဇူလိုင်လ (၂၀)ရက်မှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ ဇွန်လ (၁၂)ရက် က ထိုင်းသံရုံးမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှ သိရပါတယ်။ ထိုင်း-မြန်မာ သံတမန်ဆက်ဆံရေးတည်ဆောက်ခြင်း နှစ် (၇၀)ပြည့် အထိမ်းအမှတ်ကျင်းပခြင်းနဲ့အတူ ထိုင်း၊မြန်မာ ကုန်သွယ်ရေးနဲ့ရင်းနှီးမြှပ်နှံမှုတိုးမြှင့်လာမဲ့အခြေအနေတို့ကို ပိုမိုသိမြင်လာစေရန်၊ မြန်မာနိုင်ငံက ထိုင်းသံရုံး (ရန်ကုန်)နဲ့ မြန်မာနိုင်ငံထိုင်းစီးပွားရေးလုပ်ငန်းရှင်များ (TBAM) အသင်းတို့က ပူးပေါင်းပြီး      Myanmar Insight 2018 ခေါင်းစဉ်နဲ့ ဘန်ကောက်မြို့ရှိ ရှန်ဂရီလာဟိုတယ်မှာဟောပြောပွဲကျင်းပသွားမှာ လည်းဖြစ်ပါတယ်။

Myanmar Insight 2018 ဟောပြောပွဲကို မြန်မာနိုင်ငံ စီးပွားရေးကဏ္ဏအသီးသီးမှ လုပ်ငန်းများရှင်များနဲ့ ထိုင်း   ဘဏ်မှ တာဝန်ရှိသူများက ပူးပေါင်းပြုလုပ်သွားမှာဖြစ်ပါတယ်။Myanmar Insight 2018 ဟောပြောပွဲကို ရည်ရွယ်ချက် (၂)ချက်နဲ့ ဟောပြောသွားမှာဖြစ်ပြီး ခေါင်းစဉ် (4)ခုနဲ့ ဟောပြောသွားမှာဖြစ်ပါတယ်။အခုနှစ်ဟောပြောပွဲကို တက်ရောက်မဲ့လူဦးရေ (၅၀၀)ရှိမယ်လို့   ခန့်မှန်းထားပြီးမြန်မာနိုင်ငံအခြေအနေများကို စိတ်ပါဝင်စားတဲ့ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များ (TBAM) အဖွဲ့ကအဖွဲ့ဝင်များလည်းတက်ရောက် မှာဖြစ်ပါတယ်။အခုကျင်းပမဲ့ ဟောပြောပွဲလက်မှတ်ကို TBAM အဖွဲ့ဝင်များအတွက် တစ်ဦးလျှင် ဘတ် (၂၅၀၀) သတ်မှတ်ထားပြီး အဖွဲ့ဝင်မဟုတ်သူများအတွက် ဘတ် (၃၅၀၀) သတ်မှတ်  ထားကာ လက်မှတ်အရေအတွက် ကန့်သတ်ထားတယ်လို့လည်းသိရပါတယ်။

 

 

Related News