လာမယ့် ဇွန်လ(16)ရက်နေ့မှာ METAMORPHOSIS(မန်သဖိုးစစ်) ဂီတပွဲတော်ပြုလုပ်သွားမှာဖြစ်တယ်လို့  ဒီနေ့ ဇွန်လ(၁၂)ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာပြုလုပ်တဲ့  သတင်းစာရှင်းလင်းပွဲမှာ သိရပါတယ်။ဒီဂီတပွဲတော်ကို ထိုင်ဝမ်၊ စင်င်္ကာပူ၊မလေးရှားနိုင်ငံတွေက ဂီတပညာရှင်(၈)ယောက်နဲ့ မြန်မာနိုင်ငံက ဂီတပညာရှင်ဖြစ်တဲ့ ဓိရာမိုတို့ကပါဝင်ဖျော်ဖြေမှာဖြစ်ပါတယ်။

ဂီတပွဲတော်ကို ကျင်းပရတာက မြန်မာနိုင်ငံမှာရှိတဲ့ ဂီတပညာကို စိတ်ဝင်စားတဲ့ လူငယ်တွေအနေနဲ့ ဂီတပညာရပ်တွေကိုလေ့လာနိုင်စေရန်၊ ပြည်ပနိုင်ငံတွေက ဂီတပညာရှင်များရဲ့ အတွေ့အကြုံ တွေကိုရရှိနိုင်စေရန် ရည်ရွယ်ပြီး ပြုလုပ်တာဖြစ်ပါတယ်။ဒီဂီတပွဲတော်မှာ classic ဂီတအမျိုးစားတွေနဲ့ ဖျော်ဖြေသွားမှာဖြစ်တယ်လို့သိရပါတယ်။

ပြည်ပနိုင်ငံနဲ့ပြည်တွင်းက ဂီတပညာရှင်တွေပူးပေါင်းကျင်းပပြုလုပ်တဲဒီ့ ဂီတပွဲတော်ကို ဒုတိယအကြိမ်ကျင်းပတာဖြစ်ပြီး အခုကျင်းပမယ့် ဂီတပွဲတော်ကို METAMORPHOSIS(မန်သဖိုးစစ်) ဂီတပွဲတော်လို့အဖြစ်သတ်မှတ်ထားပြီး လာမယ့်ဇွန်လ(၁၆)ရက် ညနေ (၄) အချိန် ဆီဒိုးနားဟိုတယ်မှာကျင်းပသွားမှာဖြစ်ပြီး လက်မှတ်အခမဲ့ဖြစ်တယ်လို့ သိရပါတယ်။ 

 

 

 

 

Related News