ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပွဲကို ဇွန်လ(၁၆)ရက်က ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ကမ္ဘာအေးဘုန်းတော်ကြီး ကျောင်းမှာပြုလုပ်ခဲ့ပါတယ်။ရတနာ့မေတ္တာအဖွဲ့နဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ တို့က ပူးပေါင်းပြုလုပ်တဲ့ ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အခမ်းအနားမှာ ကမ္ဘာ့ကလေးအလုပ်သမားအဆုံးသတ်ရေး၊ လူငယ်အလုပ်သမား များဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေး တိုးတက်လာစေရန် စတဲ့ အကြောင်းအရာတွေကို အဓိကဆွေးနွေးခဲ့ကြပါတယ်။ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းမှာရှိတဲ့ ကလေးအလုပ်သမားပပျောက်စေရေးအတွက်ကို ရှေ့ပြေးစီမံချက်တွေနဲ့ စတင်ဆောင်ရွက်သွားမှာဖြစ်ပြီး (၂၀၁၉)ခုနှစ် ဇွန်လမှာ အပြီးဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကလေးအလုပ်သမားများပပျောက်ရေးကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ အပြင် ရတနာ့မေတ္တာအဖွဲ့ ကလည်း ကလေးတွေရဲ့အခွင့်အရေးတွေကို ရရှိအောင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကလေးလုပ်သမားတွေအနေနဲ့ အလုပ်ခွင်ထဲကို ရောက်ရှိနေခြင်းက မိသားစုစားဝတ်နေရေး အခက်အခဲတွေနဲ့ ပညာသင်ကြားခွင့်မရရှိတာတွေကြောင့် အလုပ်ခွင်ထဲကို စောစီးစွာ ရောက်ရှိနေတာ ဖြစ်တယ်လို့သိရပါတယ်။ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ကို ပြီးခဲ့တဲ့ ဇွန်လ(၁၂)ရက်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။ဖြိုးလဲ့ ရည်ဝင်းက ပေးပို့ထားတာဖြစ်ပါတယ်။

 

 

Related News