ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှပူးပေါင်းကူညီပံ့ပိုးပြီး မြန်မာနိုင်ငံအားကစားမီဒီယာအဖွဲ့ချူပ်ကကြီးမှူး   ကျင်းပတဲ့ အသက် (၇၀)နှစ်အထက် သက်ကြီးဝါရင့်အားကစားကလောင်ရှင်ကြီးများ ဂါရ၀ပြုကန်တော့ပွဲ  အခမ်းအနားကို ဇွန်လ (၂၃)ရက် ညနေ (၄)နာရီက သုဝဏ္ဏမိုးလုံလေလုံပတ္တမြားခန်းမမှာ ကျင်းပခဲ့ပါတယ်။  

အသက် (၇၀)နှစ်အထက် သက်ကြီးဝါရင့်အားကစားကလောင်ရှင်ကြီးများအား ဂါရ၀ပြုကန်တော့ပွဲ အခမ်း အနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်ပြီး သက်ကြီးဝါရင့် ကလောင်ရှင်များကို  ပူဇော်ကန်တော့ခဲ့ပါတယ်။အဲ့ဒီအခမ်းအနားမှာ အသက် (၇၀)နှစ်အထက် သက်ကြီးဝါရင့်     အားကစားကလောင်ရှင် (၂၃)ယောက်ထဲက အယောက် (၂၀)သာ တက်ရောက်နိုင်ပြီး တစ်ချို့မှာ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံမှာ ဆေးကုသမှုခံယူနေရတဲ့အတွက် တက်ရောက်နိုင်ခြင်း မရှိတာလို့သိရပါတယ်။ ပူဇော်ကန်တော့ခံကျတဲ့ ဆရာကြီးများက ဘောလုံးသမားဟောင်းများ ၊ ဂျာနယ် အယ်ဒီတာချူပ်ဟောင်းများ ၊ ကာယဗလအဖွဲ့ချူပ်မှ အတွင်းရေးမှူးဟောင်းများ ၊ ဂေါက် သီးအားကစားနည်း၊ တင်းနစ်အားကစားနည်းနဲ့ ပတ်သတ်တဲ့ ဆောင်းပါးများကို ရေးသားခဲ့တဲ့ကလောင်ရှင်ကြီးများ   ပါဝင်ပြီး တချို့ အားကစားကလောင်ရှင်ဆရာကြီးများကတော့ လက်ရှိအချိန်ထိ ဆောင်းပါးများကို ရေးသားနေတယ်လို့ သိရပါတယ်။

အသက် (၇၀)နှစ်အထက် သက်ကြီးဝါရင့်အားကစားကလောင်ရှင်ကြီးများ ဂါရ၀ပြုတဲ့ အခမ်းအနားကို       မြန်မာနိုင်ငံအားကစားမီဒီယာ အဖွဲ့ချူပ် ဥက္ကဋ္ဌက ဦးဆောင်ကျင်းပနိုင်ခဲ့တာဟာအခုကြိမ်နဲ့ဆိုရင် (၇) ကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။အခမ်းအနားမှာ ဆရာကြီးများက လက်ရှိမြန်မာ့အားကစားလောကနဲ့ ပတ်သတ်ပြီး တိုးတက်စေရန်အတွက် အကြံဥာဏ်များလည်း ပေးခဲ့ပါတယ်။

အခမ်းအနားနောက်ဆုံးမှာ ကန်တော့ခံဆရာကြီးများကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက တစ်ဦးကို အလှူငွေကျပ်(၂)သိန်း၊အားကစားမီဒီယာအဖွဲ့ချူပ်က တစ်ဦးကိုအလှူငွေကျပ် (၂)သိန်းနဲ့ စုစုပေါင်း ပူဇော် ကန်တော့ငွေ (၄)သိန်းနဲ့ အတူ   လှူဖွယ်ပစ္စည်းများလည်းပေးအပ်ခဲ့ပါတယ်။

 

 

 

 

 

 

Related News