ယခုနှစ်မှာကျင်းပမယ့် တောင်ပြုံးပွဲတော်အတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ကို အဓိကထား ဆောင်ရွက်ပေး သွားမယ်လို့ ဆုတောင်း ပြည့်၊ ဆုတောင်းရဘုရားဂေါပကအဖွဲ့ထံက သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တောင်ပြုံးကျေးရွာမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဆုတောင်းပြည့်၊ ဆုတောင်းရ ဘုရားပွဲတော် နဲ့ တောင်ပြုံးမင်း ၂ပါးပွဲတော်ကို သြဂုတ်လ ၁၉ ရက်နေ့ မှ ၂၆ ရက်နေ့ အထိ ၈ ရက်တိုင်တိုင် ကျင်းပသွားမယ်လို့ သိရပါတယ်။ ယခုနှစ် တောင်ပြုံးပွဲတော်မှာ ကျန်းမာရေး ကို အဓိကထား ဆောင်ရွက်ပေး သွားမှာဖြစ်ပြီး ပွဲတော်ရက်မတိုင်မီ နဲ့ ပွဲတော်ရက် ကာလတွေ အတွင်း ကူးစက်ရောဂါများကာကွယ်ရေး ကျန်းမာရေးဌာနကဝန်ထမ်းတွေ နဲ့ ဆေးဖြန်းခြင်းတွေကို ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

တောင်ပြုံးပွဲတော် ကာလအတွင်း အရေးပေါ်ကုသမှုတွေဆောင်ရွက်နိုင်ဖို့အတွက် ကျန်းမာရေးဌာနကိုလည်းထားရှိဆောင်ရွက်ပေး သွားမယ်လို့ ဆုတောင်းပြည့်၊ ဆုတောင်းရ ဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော် ကပြောပါတယ်။ယခုနှစ် တောင်ပြုံးပွဲတော် မှာ ဈေးရောင်းချလိုသူတွေအတွက်လည်း ဆိုင်ခန်း ၉၀၀ နီးပါး ရောင်းချခွင့် ပေးသွားဖြစ်ပါတယ်။ ဆိုင်ခန်းခဈေးနှုန်းတွေ အနေနဲ့ တစ်ခန်းကို အမြင့်ဆုံး ငွေကျပ် ၂သိန်း၊ နဲ့ အနိမ့်ဆုံး ငွေကျပ် ၁သိန်း ၂သောင်း သတ်မှတ်ရောင်းချပေးသွားမယ်လို့ ပြောပါတယ်။ယခုနှစ်တောင်ပြုံးပွဲတော် စနစ်တကျ ကျင်းပနိုင်ရေးအတွက် ပွဲတော်လုံခြုံရေး၊ ယာဉ်အန္တရာယ်၊ မီးဘေး အန္တရယ် စတာတွေနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေဆောင်ရွက်နိုင်ဖို့ ညှိနှိုင်းဆောင်ရွက် မှုတွေပြုလုပ် နေတယ်လို့ သိရပါတယ်။

 

 

Related News