မြန်မာ့ဂီတနေ့အထိမ်းအမှတ်အခမ်းအနားကို ဇွန်လ(၂၇)ရက်က မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှာ ကျင်းပခဲ့ပါတယ်။ တို့ဗမာသီချင်းကို မြန်မာနိုင်ငံတော်သီချင်းအဖြစ် ဇွန်လ (၂၇)ရက်က ကျင်းပတဲ့ တို့ဗမာအစည်းအရုံးရဲ့ ဒုတိယညီလာခံ မှာ သတ်မှတ်ခဲ့တာပါ။ ဒါကြောင့် ဒီ ဇွန်လ (၂၇) ရက်ကို မြန်မာဂီတနေ့အဖြစ် သတ်မှတ်ပြီး အထိမ်းအမှတ်ပွဲတွေ ကျင်းပကြ တာဖြစ်ပါတယ်။မြန်မာ့ဂီတနေ့ကို အခုလက်ရှိမြန်မာနိုင်ငံဂီတ အစည်းအရုံး အလုပ်အမှုဆောင်များက  (၂၀၁၃)ခုနစ်ကစတင်ပြီး ကျင်းပခဲ့တာပါ။

အခုလို မြန်မာ့ဂီတနေ့အခမ်းအနားတွေကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှာရှိတဲ့ မြို့နယ်ဂီတအစည်းအရုံးတွေမှာ ကျင်းပကြတယ်လို့ သိရပါတယ်။ဂီတအစည်းအရုံး (ဗဟို)အနေနဲ့တော့ (၂၀၁၅)ခုနှစ် (၂၀၁၆)ခုနှစ်များမှာကျင်းပနိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ ကျင်းပပြုလုပ်နိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။ အခု(၂၀၁၈)ခုနှစ်မှာ ပြန်လည်ကျင်းပခဲ့ပြီး ဒီအခမ်းအနားမှာတော့ မြန်မာ့ဂီတနေ့ အကြောင်းဟောပြောမှုတွေ၊ ဖျော်ဖြေမှုတွေနဲ့အတူ ကျင်းပခဲ့ပါတယ်။ 

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)အနေနဲ့ မြန်မာ့ဂီတနေ့အခမ်းအနားတွေကို ဇွန်လ(၁၆)ရက်ကနေ ဇွန်လ(၃၀)ရက်အထိ ပြုလုပ်ဖို့ခွင့်ပြုပေးထားပြီး ရန်ကုန်မြို့ရှိ မြို့နယ်အနှံ့မှာလည်း ကျင်းပနေတယ်လို့သိရပါတယ်။

 

 

 

 

Related News