အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှကျောင်းသား၊ကျောင်းသူများ ရဲ့ NUAC Orchestra 2018 ကို ဇူလိုင်လ(၁၃)ရက်မှာ အမျိုးသားဇာတ်ရုံမှာကျင်းပသွားမယ်လို့ဇွန်လ(၂၉)ရက်ကMelia Hotelမှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှသိရပါတယ်။

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှကျောင်းသား၊ကျောင်းသူများ လက်တွေ့အနုပညာနယ်ပယ်မှာ ဖျော်ဖြေထိတွေ့ခွင့်ရရှိစေဖို့၊Music Education အဖြစ် မြန်မာ့တူရိယာနဲ့ အနောက်တိုင်းတူရိယာများပေါင်းစပ်ပြီး အခုဂီတဖျော်ဖြေပွဲတွေကိုကျင်းပတာဖြစ်တယ်လို့သိရပါတယ်။ဒီနှစ်မှာတော့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)ရဲ့ (၂၅)နှစ်ပြည့် အထိမ်းအမှတ်လည်းဖြစ်လို့တက္ကသိုလ်မှာ နာမည်ကြီးခဲ့တဲ့သီချင်းတွေကို ဇာတ်လမ်းတွေနဲ့စီပြီးပြဇာတ်ပုံစံတင်ဆက်သွားမယ်လို့သိရပါတယ်။

ဖျော်ဖြေပွဲမှာ တေးသံရှင် Rဇာနည်၊အောင်ထက်၊DJ Wine၊ ၀ိုင်းစုခိုင်သိန်း၊အိမ့်ချစ်နဲ့ နီနီခင်ဇော်တို့ကလည်းပါဝင်ဖျော်ဖြေသွားမယ်လို့သိရပါတယ်။လက်မှတ်ဈေးနှုန်းတွေကိုတော့ ငွေကျပ် (၁)သောင်းကနေ (၅)သောင်းအထိသတ်မှတ်ထားတယ်လို့သိရပါတယ်။NUAC Orchestra 2018 မှာဂီတပညာတက်ရောက်နေတဲ့ ကျောင်းသား၊ကျောင်းသူ (၁၅၀)ကျော်ပါဝင်ဖျော်ဖြေသွားမယ်လို့သိရပါတယ်။အခုလိုဖျော်ဖြေပွဲတွေကို (၂၀၁၆)ခုနှစ်ကတည်းကစတင်ကျင်းပခဲ့တာဖြစ်ပြီး မနှစ်ကကျင်းပခဲ့တဲ့ (၂၀၁၇)ခုနှစ်မှာတော့  ရုပ်ရှင်နဲ့ ပတ်သက်တဲ့သီချင်းတွေကိုတီးခတ်သီဆိုဖျော်ဖြေခဲ့ကြတယ်လို့သိရပါတယ်။ 

 

 

 

 

Related News