လက်ဖြင့်ပြုလုပ်ရတဲ့ ဟန်းမိတ်လို့ခေါ်တဲ့ လက်မှုအနုပညာဖန်တီးမှုတွေကို ယခုနောက်ပိုင်းမှာ တွင်တွင်ကျယ်ကျယ် မြင်တွေ့လာရပါတယ်။ ကိုယ်ပိုင်စိတ်ကူးနဲ့ စိတ်ကြိုက်ဖန်တီးနိုင်တဲ့ လက်မှုအနုပညာတွေကို ပုံစံအမျိုးမျိုးနဲ့ မြင်တွေ့နိုင်ပါတယ်။ မမေဦးခင်ကတော့ ဟန်းမိတ်ပြုလုပ်တာ ၀ါသနာပါလွန်းတဲ့သူတစ်ဦးပါ။ သူမရဲ့ ဟန်းမိတ်တွေကတော့ ကျောက်စရစ်တုံးလေးတွေကို အလှဆင်ပြီး ပန်းချီကားချပ်တစ်ခုရအောင်ဖန်တီးပြုလုပ်တာပါ။ သူမရဲ့ ဟန်းမိတ်တွေကို နီးစပ်ရာမိတ်ဆွေတွေက သဘောကျလို့ ပြုလုပ်ခိုင်းရင်တော့ စိတ်ခံစားချက်အတိုင်း ပြုလုပ်တဲ့အတွက်သူမရဲ့ ဟန်းမိတ်တွေကတော့ တစ်ခုနဲ့တစ်ခု တူညီမှုမရှိနိုင်ပါဘူး။ 

ဟန်းမိတ်တွေကို လေ့လာရာမှာ သေချာလေ့လာတာမျိုးမရှိဘဲ အင်တာနက်ကနေလေ့လာတာတွေ ပြင်ပက ပန်းချီဆရာတွေရဲ့ ပန်းချီရေးဆွဲမှုတွေကိုသာ ကြည့်ရှုပြီး ဖန်တီးပြုလုပ်တာဖြစ်ပါတယ်။ မမေဦးခင်ဟာ stone art လို့ခေါ်တဲ့ ဟန်းမိတ်တွေကို ပြုလုပ်လာတာခြောက်လကျော်ကာလအတွင်းမှာဘဲ လူသိများလာတာဖြစ်ပါတယ်။ မမေဦးခင်အနေနဲ့ ရန်ကုန်မှာပြုလုပ်တဲ့ လက်မှုအနုပညာပြပွဲနှစ်ပွဲမှာလည်း ပါဝင်ပြသခဲ့ဖူးပြီး ဖြစ်တယ်လို့သိရပါတယ်။

 

 

Related News