မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ကြီးမှုးကျင်းပတဲ့ တင့်တယ်လှပမှုပုံရိပ်များပြန်လည်ရှင်သန်ခြင်းနဲ့ အမျိုးသမီးရေးရာအငြိမ့် ဖျော်ဖြေပွဲ ကို ဇွန်လ(၂၉)ရက်က အမျိုးသား ဇာတ်ရုံမှာပြုလုပ်ခဲ့ပါတယ်။ ဇူလိုင်လ(၃)ရက်နေ့မှာကျရောက်မယ့်မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ ရန်ကုန်တိုင်း ဒေသကြီး အမျိုးသမီးရေးအဖွဲ့မှ (၁၅)ကြိမ်မြောက် ပြုလုပ်တဲ့ တင့်တယ်လှပမှုပုံရိပ်များ ပြန်လည်ရှင်သန်ခြင်းနဲ့ အမျိုးသမီးရေးရာ အငြိမ့်ကို မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ ၀တ်စားဆင်ယင်မှုကို မြန်မာအမျိုးသမီးတွေ ထိန်းသိမ်း တတ်စေဖို့အတွက် ရည်ရွယ်ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။

ဒီဖျော်ဖြေပွဲမှာ နိုင်ငံကျော်တေးသံရှင်တွေရဲ့ ဖျော်ဖြေမှု၊ အမျိုးသမီးများ အကြမ်းဖက်မှုမှ ကင်းဝေး ရေးရန် ရည်ရွယ်တဲ့ ပညာပေးပြဇာတ်၊ အငြိမ့်ဖျော်ဖြေမှုတွေ၊ တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ၀တ်စား ဆင်ယင် မှုတွေ၊ ဒီဇိုင်နာတွေမှ ခေတ်အဆက်ဆက်ပြောင်းလဲလာတဲ့ မြန်မာ့ရိုးရာဝတ်စုံတွေကို ဆန်းသစ်ပုံဖော် ပြသခဲ့ပါတာဖြစ်ပါတယ်။

ဒီအခမ်းအနားကတော့ ဇူလိုင်လ(၃)ရက်နေ့မှာ ကျရောက်တဲ့ မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုတဲ့ အနေနဲ့ ကျင်းပတာဖြစ်ပြီး လာမယ့်နှစ်တွေမှာလည်း မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထုတ်ဖော်ပြသတဲ့ပွဲတွေ ကျင်းပသွားမယ်လို့ သိရပါတယ်။

 

 

Related News