မြောက်ပိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနက သန့်ရှင်းရေးဝန်ထမ်းတွေနဲ့ ၀န်ထမ်းမိသားစုတွေကို ပါဝါရိန်းဂျားပရဟိတအသင်းက ဇူလိုင်လ(၁)ရက်မှာ အင်းစိန်မြို့နယ်၊ အောင်ဇေယျတံတားအနီးမှာရှိတဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေဌာန၊ မြောက်ပိုင်းခရိုင်ရုံးမှာ အာဟာရဒါန လာရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနအနေနဲ့ သန့်ရှင်းရေးဝန်ထမ်းတွေနဲ့ နယ်ကလာရောက်တဲ့ နေ့စားဝန်ထမ်းတွေကို သက်ဆိုင်ရာဝန်ထမ်းလိုင်းခန်းတွေမှာ နေစရာအခန်းပေးထား ပေးထားပြီး သန့်ရှင်ရေးဝန်ထမ်းတွေရဲ့ လစဉ် ကျန်းမာရေးစောင့်ရှောက်မှုတွေကိုလည်း တာဝန်ယူဆောင်ရွက်ပေးထားတယ်လို့သိရပါတယ်။

သန့်ရှင်းရေးဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေကိုလည်း နှစ်စဉ်ရဟန်းခံရှင်ပြု၊သီလရှင်ဝတ်ပေးတာတွေလည်းပြုလုပ်ပေးနေပါတယ်။ဒါ့အပြင် မိသားစုဝင်တွေရဲ့ ကလေးငယ်တွေကို ပါနေ့ကလေးထိန်းကျောင်းထားပေးတာတွေကိုပါစီစဉ်ပေးထားတယ်လို့သိရပါတယ်။ဒီလို သန့်ရှင်းရေ၀န်ထမ်းတွေရဲ့ စားဝတ်နေရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပြုလုပ်ပေးမှုအပြင် အခုလို ပရဟိတအဖွဲ့အစည်းတွေနဲ့ အခြားလူမှုရေးအဖွဲ့အစည်းတွေကလည်း အစားအသောက်တွေလာရောက်လှူဒါန်းလေ့ရှိတယ်လို့သိရပါတယ်။

မနေ့က ဇူလိုင်လ(၁)ရက်မှာတော့ ပါဝါရိန်းဂျားပရဟိတအဖွဲ့က ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနနဲ့ မြို့နယ်တွေမှာ အမှိုက်ကောက်ကန်ပိန်း ပူးပေါင်းဆောင်ရွက်လာတာ (၁)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အာဟာရဒါန လာရောက်လှူဒါန်းတာဖြစ်ပါတယ်။ မြောက်ပိုင်းခရိုင်သန့်ရှင်းရေးဝန်ထမ်းအယောက်(၉၀၀)ကျော်နဲ့ သန့်ရှင်ရေးဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေကို ဆေး၊ ခေါက်ဆွဲခြောက်၊ အအေး၊ ပေါင်မုန့်၊ ကော်ဖီမစ်တွေလာရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။အဆိုပါအခမ်းအနားကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက မြို့တော်ဝန် ဦးမောင်မောင်စိုးကလည်း ရန်ကုန်မြို့ သန့်ရှင်းသာယာလှပရေးကို ဆောင်ရွက်နေတဲ့ သန့်ရှင်းရေးဝန်ထမ်းတွေကို အားပေးစကား  ပြောကြားသွားခဲ့ပါတယ်။

ပါဝါရိန်းဂျားပရဟိတအဖွဲအနေနဲ့ ယခုအာဟာရဒါနလာရောက်လှူဒါန်းတာက ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်မှာတော့ အနောက်ပိုင်းခရိုင်က သန့်ရှင်းရေးဝန်ထမ်း(၁၀၀၀)ကျော်ကို  လိုအပ်တဲ့ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နဲ့ ပဲနို့တွေကို လှူဒါန်းခဲ့တယ်လို့သိရပါတယ်။ ယခုလှူဒါန်းမှုကို ပါဝါရိန်းဂျားအဖွဲ့ဝင်တွေရဲ့ လုပ်အားခတွေနဲ့ အကယ်ဒမီပိုင်ဖြိုးသု ၊ ရုပ်ရှင်သရုပ်ဆောင် မိုးပြည့်ပြည့်မောင်၊ နန်းမြတ်ဖြိုးသင်းတို့မှလည်း အဟာရဒါနအတွက်အလှူငွေများပါဝင်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုတန်ဖိုး ငွေကျပ်(၂၅)သိန်းကျော်ဖြစ်တယ်လို့သိရပါတယ်။

 

 

Related News