အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)NUACရဲ့ (၂၅)နှစ်ပြည့်ငွေရတုအကြို ဖျော်ဖြေပွဲဖြစ်တဲ့ NUAC Music Orchester ပွဲမှာလူ(၁၄၀) ကျော်အသုံးပြုပြီး  ဖျော်ဖြေတင်ဆက်မှာ ဖြစ်တယ်လို့ ဂီတပညာဌာနက ပါမောက္ခဌာနမှူး ဓီရာမိုရ်က ပြောပါတယ်။

NUAC Music Orchestra ပွဲမှာ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)က ပညာသင်ကြားဆဲ ကျောင်းသားကျောင်းသူတွေအပြင် ကျောင်းမှာ တက်ရောက်ပြီး ကျောင်းပြီးသွားတဲ့ ကျောင်းသား ကျောင်းသူဟောင်းတွေနဲ့ပါ ဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ကြိုတင်ပြင်ဆင်လေ့ကျင့်မှုတွေကို အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှာလေ့ကျင့်နေကြပါတယ်။ 

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ရဲ့ ဂီတပညာဌာနမှာ တက်ရောက်နေတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ကလည်း ဒီလိုပွဲတွေမှာ ပါဝင်ဖျော်ဖြေဖို့က သူတို့အတွက် ကြီးမားတဲ့ အခွင့်အလမ်းဖြစ်ပြီး ပညာများစွာရရှိနိုင်တဲ့ ပွဲ ဖြစ်တယ်လို့ ပြောပါတယ်။ဂီတပညာဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) NUAC Music Orchestra  ပွဲကိုတော့ ဇူလိုင်(၁၃)ရက်နေ့ အမျိုးသားဇာတ်ရုံမှာ ကျင်းပသွားမှာဖြစ်ပြီး အဆိုတော် အောင်ထက်၊ နီနီခင်ဇော် ၊ အိမ့်ချစ်စတဲ့ နိုင်ငံကျော်တေးသံရှင်တွေနဲ့ ဖျော်ဖြေသွားမှာ ဖြစ်တယ်။

 

 

Related News