အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ဂီတပညာဌာနရဲ့ စောင်းတူရိယာအတန်းမှာ တက်ရောက်သူ မြင့်တက်လာတယ်လို့ သိရပါတယ်။ ထက်ဇာခြည်လှိုင်က တင်ဆက်ပေးပါမယ်။အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ရဲ့ ဂီတပညာဌာနမှာတော့ စောင်း၊ ပတ္တလား၊ နှဲ ၊ ဆိုင်းဝိုင်း စတဲ့ မြန်မာ့ရိုးရာတူရိယာတွေကို ရိုးရာမပျောက်ပျက်အောင် သင်ကြားပေးနေတာပဲ ဖြစ်ပါတယ်။ ဒီထဲကမှ စောင်းတူရိယာအတန်းကိုတော့ စိတ်ဝင်တစားနဲ့ တက်ရောက်သူဦးရေ များပြားလာတယ်လို့ သိရပါတယ်။ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)  ဂီတပညာဌာနကို လာရောက်လျှောက်ထားတဲ့ ကျောင်းသား (၇၀)ထဲမှ (၂၀)ကျော်လောက်က စောင်းတူရိယာကို အများဆုံးသင်ကြားကြတာ ဖြစ်ပါတယ်။

စောင်းတူရိယာကတော့ အခုလက်ရှိအသုံးအများဆုံးနဲ့ ဖျော်ဖြေရေးတွေမှာ အများဆုံးအသုံးပြုလာတဲ့ တူရိယာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဂီတပညာဌာနမှာ လာရောက်လျှောက်ထားတဲ့ ကျောင်းသားကျောင်းသူတွေကလည်း စောင်းတူရိယာကိုသင်ကြားရာမှာ ဖျော်ဖြေမှုတွေဆောင်ရွက်နိုင်ပြီး ဝင်ငွေရရှိနိုင်တဲ့ အထိ သင်ကြားလေ့လာဖြစ်တယ်လို့ ပြောပါတယ်။ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ဂီတပညာဌာနမှာ စောင်းတူရိယာအတန်းကို ပထမနှစ်ကနေ ဒုတိယဂုဏ်ထူးတန်း အထိ နဲ့ ဒီပလိုမာအတန်းတွေထိ ဖွင့်လှစ်သင်ကြားပေးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြင်ပကနေ လာရောက်လေ့လာ သင်ကြားသူတွေပါ ရှိလာတယ်လို့ သိရပါတယ်။

 

 

Related News