မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနဲ့ ကွမ်ရှီးပြည်သူ့အသံလွှင့်ဌာနတို့ ပူးပေါင်းပြီးတရုတ်ကာတွန်း မိတ်ဆက်ခြင်းအခမ်းအနားနဲ့ တရုတ်ဇာတ်လမ်းတွဲအစီအစဉ်ကြည့်ရူအားပေးမှု ဆုလက်ဆောင်ပေးပွဲကို ဇူလိုင်လ(၆)ရက်က မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(ရန်ကုန်)မှာပြုလုပ်ခဲ့ပါတယ်။တရုတ်ဇာတ်လမ်းတွဲတွေကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနဲ့ ကွမ်ရှီးပြည်သူ့အသံလွှင့်ဌာနပူးပေါင်းပြသလျှက် ရှိပြီး တရုတ်ကာတွန်းအစီအစဉ်ကတော့ပထမဦးဆုံးပြသမှာဖြစ်ပါတယ်။

ဒီကာတွန်းဇာတ်လမ်းကို ကလေးတွေအတွက်အဓိကရည်ရွယ်တာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကိုမြတ်နိုးကာကွယ်ဖို့နဲ့ အသက်ကိုတန်ဖိုးထားတတ်ဖို့ အဓိကရည်ရွယ်တယ်လို့ သိရပါတယ်။ အခုပြသမယ့်တရုတ်ကာတွန်းဇာတ်ကားဟာတောပျော်မျောက်ကလေးကျွမ့်ကျွမ့် ဖြစ်ပြီး ဒီဇာတ်လမ်းလေးက တရုတ်နိုင်ငံမှာရှိတဲ့ခေါင်းဖြူမျောက်မျိုးနွယ်ကို အခြေခံပြီးရိုက်ကူးထားတယ်လို့သိရပါတယ်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနဲ့ ကွမ်ရှီးပြည်သူ့အသံလွှင့်ဌာနတို့ပူးပေါင်းပြီးတရုတ်ရုပ်သံဘာသာပြန် ဇာတ်လမ်းတွဲတွေကို (၂၀၁၇)ခုနှစ် သြဂုတ်လကစတင်ပြသခဲ့ပြီး အခုပြသနေတဲ့ဘာသာပြန်ဇာတ်လမ်းတွဲ အပါအ၀င် ဇာတ်လမ်းတွဲ(၄)တွဲရှိနေပြီဖြစ်တယ်လို့သိရပါတယ်။

 

 

Related News