(၁၉)ကြိမ်မြောက် ကျပ်(၅၀၀)တန်အောင်ဘာလေသိန်းဆုဖွင့်ပွဲကို ဒီနေ့အောက်တိုဘာလ (၁)ရက် မနက်ပိုင်းက ရန်ကုန်မြို့အောင်ဘာလေသိန်းဆုဌာနခွဲမှာဖွင့်လှစ်ခဲ့ပါတယ်။အခုဖွင့်လှစ်လိုက်တဲ့ (၁၉)ကြိမ်မြောက်ကျပ်(၅၀၀)တန်အောင်ဘာလေသိန်းဆုအတွက် ငွေကျပ်သိန်းတစ်သောင်းဆုက (ကဌ-၂၆၉၄၄၈)၊ ငွေကျပ်သိန်းငါးထောင်ဆုက (ကဂ- ၅၆၀၁၆၈)၊ နဲ့ (ဆ- ၆၉၁၉၃၀) တို့ဖြစ်ပါတယ်။  ငွေကျပ်သိန်း (၃၀၀၀ဆု)(၃)ဆုကတော့ နံပါတ် (သ- ၆၈၆၁၈၉) ၊ နံပါတ် (အ- ၉၁၆၆၇၇) နဲ့ နံပါတ် (ကဂ-၂၀၃၁၃၀) တို့ဖြစ်ပြီး ငွေကျပ်သိန်းတစ်ထောင်ဆု (၅)ဆုက နံပါတ် (ခ- ၆၂၈၇၅၀)၊ (ဖ-၆၂၅၂၄၀)၊ (ကဎ-  ၅၄၅၃၉၄)၊ နံပါတ် (ဏ- ၉၆၆၉၀၉)၊ နဲ့ (ဖ-၁၁၇၁၀၉) တို့ဖြစ်ပါတယ်။ဒါ့အပြင် ဝေေ၀ဆာဆာဆုမဲစနစ် တွေကိုလည်းဖွင့်လှစ်ပေးခဲ့ပါတယ်။

အခု(၁၉)ကြိမ်မြောက် ကျပ်(၅၀၀)တန်အောင်ဘာလေ သိန်းဆုဖွင့်ပွဲမှာ (“က”ကြီး အက္ခရာမှ “အ” အက္ခရာ၊ “ကက” အက္ခရာမှ “ကဎ”အက္ခရာအထိ)စုစုပေါင်း အက္ခရာလုံးရေ(၄၇)လုံး၊ ထီစာအုပ်ပေါင်း (သုံးဆယ့်ရုစ်သိန်းလေး သောင်းငါးထောင် လေးရာလေးဆယ့်ခြောက်) အုပ်ကိုထုတ်ဝေရောင်းချခဲ့ရာ ထီစာအုပ်အားလုံးကုန်စင်အောင် ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။ ထီလက်မှတ်ရောင်းရငွေမှာ ကျပ်သန်းပေါင်း(၁၉၂၂၇.၂၃၀) ကျပ်ဖြစ်ပြီး ရောင်းရငွေစုစုပါင်းရဲ့ (၆၀)ရာခိုင်နှုန်းကို ဆုငွေအဖြစ် ၊ ကျန် ၄၀ရာခိုင်နှုန်း ကိုတော့နိုင်ငံတော်ရဲ့ ဖွံဖြိုးရေးလုပ်ငန်းတွေမှာအသုံးပြုဖို့အတွက် အခွန်ဘဏ္ဍာအဖြစ်ရယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

ဆုငွေအမျိုးအစားအားလုံးကို ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲရုံးတွေမှာ ထုတ်ပေးသွားမှာဖြစ်တယ် လို့သိရပါတယ်။ ကျပ်(၁၀)သိန်းအောက် ဆုငွေတွေ ကိုတော့ ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲရုံးတွေအပြင် ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွေမှာ ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။  

 

 

Related News