ကျန်းမာရေးနှင့် အလှအပဆိုင်ရာကုန်စည်ပြပွဲကို စက်တင်ဘာလ(29)ရက်က ဆီဒိုးနားဟိုတယ်မှာပြုလုပ်ခဲ့ပါတယ်။ဆီဒိုးနားဟိုတယ်ရန်ကုန်နဲ့ Minigalar Bar Spa တို့ပူးပေါင်းပြီး “ကျန်းမာဝင့်ထည်လှသွေးကြွယ်”အမည်ဖြင့် ပထမဆုံးအကြိမ်ပြုလုပ်တဲ့ပြပွဲဖြစ်ပါတယ်။ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ ကုန်စည်ပြပွဲမှာ အလှအပ၊ ကျန်းမာရေး၊ ပျော်ရွှင်စွာနေထိုင်ရေး အစရှိတဲ့ အကြောင်းအရာတွေကိုလည်း ဟောပြောဆွေးနွေးခဲ့ပါတယ်။ဒီပြပွဲမှာ ပြခန်းပေါင်း(20)ကျော်ပါဝင်ပြသခဲ့ပြပြီး ဆံပင်နှင့်မိတ်ကပ်အလှပြုပြင်ရေးသင်တန်းများ၊ အလှပြုပြင်ရေးပစ္စည်းများ၊ ကျန်းမာရေးနှင့်ကိုယ်ကာယကြံ့ခိုင်ရေးပစ္စည်းများပြသခြင်းတို့အပါအ၀င် အလှအပရေးရာကျွမ်းကျင် ဆရာဝန်များကပြပွဲလာရောက်ကြည့်ရှုသူကိုအသားအရေစမ်းသပ်ခြင်းတွေကို အခမဲ့လုပ်ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ သော်တာဝင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။ 

 

 

Related News