Forever Group နဲ့ Nestel's Bear Brand တို့ပူးပေါင်းပြုလုပ်တဲ့ သံဓာတ် ချို့တဲ့မှုဆိုင်ရာ ပညာပေးခြင်းအစီအစဉ်ကို အောက်တိုဘာလ(၂)ရက်က မရမ်းကုန်မြို့နယ်မှာရှိတဲ့ ရေကူးအသံလွှင့်ရုံ မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီအစီအစဉ်ကို Nestle`s Bear Brand (နက်စလီ ဘဲလ် ဘရမ်း)ရဲ့ ကျန်းမာရေးဆိုင်ရာဝန်ထမ်းတွေက Forever Group က ၀န်ထမ်းတွေကို လူ့ခန္တာကိုယ်ရဲ့ဖွဲ့စည်းမှုမှာ သံဓာတ်ရဲ့အရေးပါမှုအခြေအနေတွေ၊ သံဓာတ်ချို့တဲ့ခြင်းကို ဖော်ပြတဲ့ လက္ခဏာအခြေအနေတွေ၊ သံဓာတ်ချို့တဲ့မှု ဖြစ်နိုင်ချေရှိတဲ့ အခြေအနေတွေနဲ့ တစ်ပတ်အတွင်း စားသုံးသင့်တဲ့ အခြေအနေ တွေကို ရှင်းပြပေးခဲ့ပြီး၊ ၀န်ထမ်းတွေ က သိရှိလိုတဲ့ ကျန်းမာရေး မေးခွန်းတွေကိုပြန်လည် ဖြေကြားပေးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် Nestle`s Bear Brand မှ Forever Group က၀န်ထမ်းတွေကို သံဓာတ်ချို့တဲ့မှုနဲ့ ကျန်းမာရေးဆိုင်ရာအသိ ပညာပေး ဟောပြော ဆွေးနွေးမှုတွေအပြင်  သံဓာတ်နဲ့ပတ်သက်တဲ့ ကျန်းမာရေးစစ်ဆေးပေးမှုတွေကိုလည်း အခမဲ့ပြုလုပ် ပေးခဲ့ပါတယ်။Forever Group အနေနဲ့ ၀န်ထမ်းတွေနဲ့အတူ ပရဟိတလုပ်ငန်းများ၊ သွေးလှူဒါန်းပွဲများ၊ မိဘမဲ့ကလေး ဂေဟာများမှ ကလေးငယ်တွေအတွက် ပျော်ပွဲရွှင်ပွဲများ၊ နေ့ထူးနေ့မြတ် အထိမ်းအမှတ်ပွဲများနဲ့ ၀န်ထမ်းတွေ အတွက် ကျန်းမာရေးနဲ့ ဗဟုသုတဆိုင်ရာ ဟောပြောပွဲများနဲ့ ရာသီလိုက်ဖြစ်လေ့ရှိတဲ့ ရောဂါများအတွက် ကြိုတင်ကာကွယ်ပေးခြင်းဆိုင်ရာတွေကို နှစ်စဉ်ပြုလုပ်ပေးနေတာဖြစ်ပါတယ်။

 

 

Related News